မန်ချက်စတာဗုံးပေါက်ကွဲမှုမှာ သေဆုံးသူတွေအတွက် အဆိုတော် အရိန်နာဂရန့် ရန်ပုံငွေရှာဖွေပြီ

0
304

နာမည်ကျော်အမေရိကန်အဆိုတော် အရိန်နာဂရန့်က ပြီးခဲ့တဲ့တနင်္လာနေ့က သူမရဲ့ဖြေဖျော်ပွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ ရသူတွေအတွက် ရန်ပုံငွေဖြေဖျော်ပွဲပြုလုပ်ဖို့အတွက် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ကို သွားရောက်ဖို့ စီစဉ်နေကြောင်း သိရှိရပါ တယ်။

မန်ချက်စတာမြို့မှာ တိုက်ခိုက်ခံလိုက်ရတဲ့သေဆုံးသူတွေအတွက် ရင်နဲ့မမျှအောင် ကြေကွဲ ပူဆွေးမိကြောင်း ဖော်ပြခဲ့ပါတယ်။

“ ကျွန်မရဲ့ ပရိတ်သတ်တွေကို သူတို့ရဲ့ခံစားချက်တွေအပေါ် နားလည်မှု၊ ကိုယ်ချင်းစာခံစားကြေကွဲမှုတွေနဲ့ အားပေးမှုတွေ မလုပ်ဘဲနဲ့ တစ်နှစ်လုံးကျွန်မဘာမှဆက်ပြီး မလုပ်နိုင်တော့ပါဘူး” လို့ သူမက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာအေရီနာကဇာတ်ရုံမှာ ဗုံးပေါက်ကွဲခဲ့မှုကြောင့် လူ ၂၂ဦးသေဆုံးခဲ့ရပါတယ်။

အဆိုတော်အရိန်နာက အဆိုပါထိခိုက်မှုကြောင့် ကြေကွဲဝမ်းနည်းနေရသူတွေကို သူမအပါအ၀င် ဘယ်သူကမှ ဖြေသိမ့်ပေးနိုင် စရာမရှိတော့ပါဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း သူမအနေနဲ့ အကူအညီလိုအပ်နေသူတွေကို စိတ်ရောကိုယ်ပါကူ ညီပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါလို့လည်း သူမက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း သူမရဲ့လက်ရှိသွားမယ့် ရန်ပုံငွေဂီတဖြေဖျော်ပွဲမှာ သူမနဲ့ ပရိတ်သတ်တွေအတွက် လုံခြုံဘေးကင်းစေလိုကြောင်း အရိန်နာက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)