ရုရှား-အမေရိကန်လျို့ဝှက်ဆက်သွယ်ရေးလိုင်းထားဖို့ သမ္မတသားမက်ဆွေးနွေး

0
279

မော်စကိုအစိုးရနဲ့ လျို့ဝှက်ဆက်သွယ်ရေးလိုင်းထားရှိဖို့ ဖြစ်နိုင်ခြေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့သားမက်က ဆွေး နွေးခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

အမေရိကန်မီဒီယာတွေဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ်နဲ့ ၀ါရှင်တန်ပို့စ်သတင်းစာတွေမှာ မစ္စတာထရန့်ရဲ့သားမက်ဂျာရတ်ကုရှ်နာ က အဲဒီဆက်သွယ်ရေးလိုင်းထားရှိဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက ဆွေးနွေးခဲ့ကြောင်း ဖြော်ပခဲ့တာဖြစ်ပါတယ်။

အဆိုပါသတင်းကို အိမ်ဖြူတော်ရဲ့ထိပ်တန်းအထောက်အကူပေးရေးအဖွဲ့ကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ရုရှားနဲ့ဆက်နွယ်မှုကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးမှုပြုလုပ်နေတဲ့ အက်ဖ်ဘီအိုင်က မစ္စတာဂျာရတ်ကိုလည်း စောင့်ကြည့်မှု ရှိနေကြောင်း သိရှိရပါတယ်။

ဒါပေမဲ့ သားမက်ဖြစ်သူ ဂျာရက်ဟာ ရုရှားဆက်နွယ်မှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေရှိနေပေမယ့် ရာဇ၀တ်မှုကျုး လွန်ခဲ့တဲ့အဆင့်မျိုးမဟုတ်ကြောင်းလည်း အက်ဖ်ဘီအိုင်က ပြောပါတယ်။

အမေရိကန်မှာရှိတဲ့ ရုရှားသံတမန်အခြေခံအဆောက်အအုံကို အသုံးပြုပြီး ရုရှား-အမေရိကန်လျို့ဝှက် ဆက်သွယ်ရေးလိုင်းထားရှိ ဖို့ မော်စကိုသံအမတ် ဆာဂျီကစ္စလက်ခ်ကို ပြောဆိုခဲ့ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီလျို့ဝှက်ဆက်သွယ်ရေးလိုင်းကို မတည်ဆောက်ဖြစ်ခဲ့ကြောင်း နယူယောက်တိုင်းမ် သတင်းစာက ဖြော်ပခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)