လူမှုကွန်ယက်ဖေ့ဘွတ်ခ်သာ နိုင်ငံဖြစ်ရင် တရုတ်ပြည်ထက် ပိုမိုကြီးမားနိုင်

0
319

ဆာဘီးယားနိုင်ငံမှ သုတေသီအုပ်စုတစ်စုက နာမည်ကျော်လူမှုကွန်ယက်ဖေ့ဘွတ်ခ်ကို လေ့လာမှုပြုလုပ်နေကြပြီး တကယ်လို့ ဖေ့ဘွတ်ခ်သာ နိုင်ငံတနိုင်ငံလိုမျိုး ယူဆခဲ့မယ်ဆိုရင် တရုတ်နိုင်ငံထက်ပိုပြီး ကျယ်ဝန်းနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

အချက်အလက်တွေ စုဆောင်းနိုင်မှုကြောင့် ဖေ့ဘွတ်ခ်ဟာ ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး အဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအ ၀င် ဖြစ်လာနေပါတယ်။ အဆိုပါသုတေသီတွေဟာ Share Lab ဆိုတဲ့အမည်နဲ့ ဖေ့ဘွတ်ခ်ရဲ့တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေ ကို လေ့လာနေတာဖြစ်ပါတယ်။

ဆာဘီယားနိုင်ငံ၊ နိုဗီတက္ကသိုလ်ရဲ့အချိန်ပြည့်ပါမောက္ခအနေနဲ့အလုပ်လုပ်သူ မစ္စတာဗလာဒန်ဂျိုလာနဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ဆာဘီးယားအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံကို သုတေသနပြုလုပ်ခဲ့ကြပါ တယ်။

အခုပိုပြီးကြီးမားတဲ့ သုတေသနပစ်မှတ်ကို သူတို့ ကြိုးစားလုပ်ဆောင်နေကြတာလို့ဆိုရမှာပါ။

အဲဒီလိုလေ့လာမှုတွေ ပြုလုပ်ရာမှာ သက်တမ်းဆယ်နှစ်ကျော်ပဲရှိသေးတဲ့ စီလီကွန်တောင်ကြားကနည်းပညာကုမ္ပဏီဟာ အချက် အလက် 300 petabytes သိမ်းဆည်းထားပြီး သုံးစွဲသူပေါင်း ၂ဘီလျံနီးပါးကို ၀န်ဆောင်မှုပေးနေပါတယ်။ ၂၀၁၆ခုနှစ် တစ်နှစ် တည်းမှာပဲ ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ အခွန်မဆောင်ရသေးတဲ့ဝင်ငွေအဖြစ် ဒေါ်လာ ၂၈ဘီလျံနီးပါး ရရှိခဲ့ပါတယ်။

ပါမောက္ခဂျိုလာက “ ကျွန်တော်တို့ တစ်ခုခုဖေ့ဘွတ်ခ်ပေါ်တင်တာ၊ မှတ်ချက်ရေးတာ ၊တစ်ယောက်ယောက်ကို တက်ဂ်တွဲတာ တွေ အကုန်လုံးက လူမှုကွန်ယက်ဝက်ဘ်ဆိုက်ဒ်ကို အကျိုးဖြစ်ထွန်းစေတာတွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သုံးစွဲသူတွေရဲ့ အပြန်အလှန်ကူးယှက်ဆောင်ရွက်မှုက လူမှုကွန်ယက်ဆိုက်ဒ်ကို ပါဝါပေးနေတဲ့ ရှုပ်ထွေးလှတဲ့အဲလ်ဂေါရီသန် စနစ်ကို ပြန်ပြီး ပံ့ပိုးပေးနေကြောင်းလည်း မစ္စတာဂျိုလာက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဖေ့ဘွတ်ခ်ကို သုံးစွဲသူတွေ ပေးနေတဲ့အချက်အလက်တွေ အကုန်လုံးက လုံခြုံရေးအရ ကျုးကျော်မှုလို့ ဆိုနိုင်လောက် အောင် အရေးပါတဲ့အချက်အလက်တွေ ဖြစ်နေကြောင်းလည်း အဆိုပါသုတေသနပြုလုပ်မှုတွေအရ သိရှိရပါတယ်။

ဒါပေမဲ့ သုံးစွဲသူတွေရဲ့ပုဂ္ဂိလဆိုင်ရာအချက်အလက်တွေရဲ့လုံခြုံမှုကို ဖေ့ဘွတ်ခ်ကုမ္ပဏီက နှစ်ပေါင်းများစွာ အာမခံချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို တတိယပုဂ္ဂိလ်တွေအနေနဲ့ စုံစမ်းထောက်လှမ်းဖို့အသုံးမချနိုင်အောင်လည်း  ဖေ့ဘွတ်ခ်က မှုဝါဒချမှတ်ထားပြီး အဲဒီမှုဝါဒမကျိုးပေါက်အောင် စောင့်ကြည့်စစ်ဆေးမယ့်သူတွေကိုလည်း ထောင်ပေါင်းများစွာ ရှာဖွေခန့်ထားပေးပါတယ်။

လက်ရှိအချိန်မှာ တည်ထောက်သူဇူကာဘတ်ဂ်ရဲ့လက်ထဲမှာ အချက်အလက်တွေက လုံလုံခြုံခြုံရှိနေပေမယ့် လာမယ့်နှစ်ပေါင်း ၂၀အကြာမှာ တာဝန်ယူမယ့်သူလက်ထဲမှာရော အခုလို ဖေ့ဘွတ်ခ်ကုမ္ပဏီတစ်ခုတည်းကပဲ အဲဒီအချက်အလက်တွေကို ပိုင်ဆိုင် မလားဆိုတာကို ပညာရှင်တွေက မေးခွန်းထုတ်ထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)