ကင်မ်ယိုဂျောင်း မြောက်ကိုရီးယား အမျိုးသမီးခေါင်းဆောင် ဖြစ်လာမလား

0
1164

အသက် ၃၆ နှစ်သာရှိသေးတဲ့ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင် ကင်မ်ဂျုံအွန်တစ်ယောက် ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာသလို အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းများ ကမ္ဘာ့မီဒီယာမျာရဲ့ စာမျက်နှာထက်မှာ ကြီးစိုးနေရာယူလာတဲ့ အချိန်မှာ အကယ်၍များ ကင်မ်ဂျုံအွန် အလွန် မြောက်ကိုရီးယားရဲ့ နိုင်ငံရေး သြဇာကို ဘယ်သူဆက်ခံမှာလဲ ဆိုတဲ့ အချက်ဟာ ကမ္ဘာ့နိုင်ငံရေးသုံးသပ်သူများကြား စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးသြဇာကို ခေါင်းဆောင်ကြီး ကင်မ်အီဆွန်းက စတင် တည်ထောင်ခဲ့တာဖြစ်ကာ သူရဲ့ သားဖြစ်သူ ကင်မ်ဂျုံအီက နိုင်ငံရေးသြဇာကို ဆက်ခံပြီးနောက် မြေးဖြစ်သူ ကင်မ်ဂျုံအွန်က ဆက်ခံထားတာပဲ ဖြစ်ပါတယ်။ ကင်မ်ဂျုံအွန် အလွန် မြောက်ကိုရီးယားရဲ့ နိုင်ငံရေးသြဇာဟာ ကင်မ်မိသားစုကပဲ ဆက်လက်ထိန်းသိမ်းထားမလား အခြားသော မြောက်ကိုရီးယားရှိ နိုင်ငံရေးခေါင်းဆောင်တွေ ဆီပဲ ရောက်ရှိသွားမလားဆိုတာတော့ စောင့်ကြည့်ရမဲ့ အနေအထားပါ။

ကင်မ်မိသားစုကပဲ နိုင်ငံရေးသြဇာကို ဆုပ်ကိုင်ထားမယ်ဆိုပါက သြဇာအရှိဆုံး ခေါင်းဆောင်ဟာ ဘယ်သူဖြစ်မလဲ။ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ ကင်မ်ဂျုံအွန်မှာ သားသမီးရှိတယ်ဆိုမဲ့ အသက်အရွယ်အားဖြင့် နိုင်ငံရေးသြဇာကို ဆက်ခံဖို့ရာအတွက် ငယ်လွန်းတဲ့ အနေအထားဖြစ်နေပါတယ်။ ဒါ့ကြောင့် ကင်မ်ဂျုံအွန် အလွန် မြောက်ကိုရီးယားရဲ့ နိုင်ငံရေးခေါင်းဆောင်ဟာ ကင်မ်ဂျုံအွန်ရဲ့ တစ်ဦးတည်းသော ညီမ ကင်မ်ယိုဂျောင်းသာ ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်လာကြပါတယ်။

ကင်မ်ယိုဂျောင်းဟာ ဘယ်လို အမျိုးသမီးလဲ။

ကင်မ်ယိုဂျောင်းဟာ ဒုတိယမြောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီရဲ့ အငယ်ဆုံးသမီး ဖြစ်ပါတယ်။ သူ့ကို ၁၉၈၇ သို့မဟုတ် ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိထားကြပါတယ်။ သူဟာ ငယ်စဉ်ကလေး ဘဝက ဆွစ်ဇာလန်နိုင်ငံမှာ အစ်ကိုဖြစ်သူနဲ့အတူ ပညာသင်ခဲ့ဖူးတယ်လို့ ဆိုပေမဲ့ တိကျတဲ့ အထောက်အထားတော့ မရှိပါဘူး။

သူဟာ ကင်မ်အီဆွန်း စစ်တက္ကသိုလ်မှ ကွန်ပြူတာ သိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိထားပါတယ်။ သူဟာ မြောက်ကိုရီးယား အစိုးရအရာရှိကြီးတစ်ဦးရဲ့ ဒုတိယမြောက်သားဖြစ်သူ ချူဆောင်နဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ထားတယ်လို့ သတင်းများက ဆိုပါတယ်။ လက်ထပ်တဲ့နှစ်မှာပဲ သားသမီးမွေးခဲ့တယ်လို့လည်း သတင်းများရှိပေမဲ့ တိကျစွာထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

ကင်မ်ယိုဂျောင်းဟာ လက်ရှိမှာတော့ ကိုရီးယား အလုပ်သမားပါတီ (WPK) ရဲ့ ဝါဒဖြန့်ချိရေးနှင့် လှုံဆော်ရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးရာထူး၊ မြောက်ကိုရီးယား ပေါလစ်ဗြူရိုရဲ့ အလှည့်ကျ အဖွဲ့ဝင်အဖြစ် တာဝန်ယူထားပြီး အစ်ကိုဖြစ်သူ ခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့ စိတ်တူကိုယ်တူ ဝါသနာတူ ကြီးပြင်းခဲ့ရပြီး လေးနက်တဲ့ မောင်နှမ ဆက်ဆံရေး ရှိသူလို့ သတ်မှတ်ခံထားရပါတယ်။ တချို့သော သတင်းရင်းမြစ်များ အရတော့ ကင်မ်ဂျုံအွန်အား အနီးကပ် အကြံပေးကာ အစ်ကိုဖြစ်သူရဲ့ နိုင်ငံရေးသြဇာ တည်ထောင်နိုင်ရန်အတွက် သူကများစွာ ကြိုးစားမှုရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ကင်မ်ယိုဂျောင်းကို ပထမဆုံးတွေ့မြင်ကြရတာက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှာ ကျင်းပတဲ့ WPK တတိယအကြိမ် ညီလာခံ ဓာတ်ပုံရိုက်တဲ့အထဲမှာ သူဟာ သူ့အဖေရဲ့ ကိုယ်ရေးအရာရှိလည်းဖြစ် တိတ်တိတ်ပုန်း ညားနေတယ်လို့လည်း စွပ်စွဲကြတဲ့ ကင်မ် အုတ်ရဲ့ ဘေးမှာ ရပ်နေတာပါ။ သူဟာ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီရဲ့ မျက်နှာသာပေးခံရသူလို့လည်း မြောက်ကိုရီးယား နိုင်ငံရေးသြဇာရှိသူ အသိုင်းအဝိုင်းများက လက်ခံထားကြပါတယ်။

ကင်မ်ယိုဂျောင်းဟာ ၂၀၁၈ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ကိုရီးယားစစ်ပွဲအပြီးမှာ တောင်ကိုရီးယားကို ပထမဆုံးသွားရောက်ခဲ့တဲ့ မြောက်ကိုရီးယားထိပ်တန်း အရာရှိဖြစ်ကာ ကင်မ်မိသားစုဝင် တစ်ဦးလည်းလို့ သတ်မှတ်လို့ရပါတယ်။ အဲ့ဒီနောက် ကင်မ်ဂျုံအွန်ရဲ့ အထူးသံတမန်အဖြစ်နဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ အစည်းပွဲကျင်းပခဲ့ကာ အစ်ကိုဖြစ်သူ ကင်မ်ဂျုံအွန်ရေးတဲ့ စာကို သမ္မတ မွန်ဂျေအင်းထံသို့ ပေးအပ်ခဲ့ပါတယ်။

ကင်မ်ဂျုံအွန်တက်ရောက်ခဲ့တဲ့ တောင်နဲ့ မြောက် ကိုရီးယားတွေ့ဆုံပွဲ၊ မြောက်ကိုရီးယားနဲ့ အမေရိကန်တွေ့ဆုံပွဲ စတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများတွင် အစ်ကိုဖြစ်သူရဲ့ အနီးကပ် အတွင်းရေးမှူးအဖြစ် တက်ရောက်ပြီး အစ်ကိုဖြစ်သူအတွက် အကြံပေးအဖြစ် သိသာစေခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးသုံးသပ်သူများက သူ့ကို အာရုံစိုက်ခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဒေါင်ဂွတ်တက္ကသိုလ်က မြောက်ကိုရီးယားအရေး အထူးလေ့လာသူ ပါမောက္ခ ကင်မ်ယောင်ဟွန်းကတော့ မြောက်ကိုရီးယား အာဏာရှင်များဟာ သူတို့မျိုးဆက်ကို လက်ဆင့်ကမ်း ခေါ်ဆောင်ကြတာ ထုံးစံဖြစ်ကာ မြောက်ကိုရီးယားအာဏာရှင် ကင်မ်အီဆွန်းက သူ့သားသမီးများကို အမွေပေးခဲ့တဲ့ ပုံစံလို့ ဆိုပါတယ်။ ကင်မ်ယိုဂျောင်းဟာ အဘိုးဖြစ်သူ ကင်မ်အီဆွန်းကို လေးစား အားကျသူဖြစ်ကာ သူ့ရဲ့ စံပြပုဂ္ဂိုလ်ဟာ ကင်မ်အီဆွန်းဖြစ်ကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုတတ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား စစ်ခေါင်းဆောင်များကိုပဲ အဓိကထား စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန် သတင်းစာတစ်စောင်က ဖော်ပြချက်မှာတော့ ယိုဂျောင်း အပြုံးတွေက ဖော်ရွေတယ်၊ ရင်းနှီးနှစ်လိုဖွယ် ရှိတယ်လို့ ထင်ရပေမဲ့ အဲ့ဒီအပြုံးတွေရဲ့ နောက်ကွယ်မှာ လှို့ဝှက်မှုတွေ အများကြီးရှိတယ်လို့ မြောက်ကိုရီးယား စစ်ဘက် အရာရှိကြီးတစ်ဦးက မှတ်ချက်ပေးဖူးကြောင်း ဖော်ပြခဲ့ပါတယ်။ သူဟာ အဘိုးဖြစ်သူ ကင်မ်အီဆွန်းနဲ့ ပိုတူပြီး စိတ်ဓာတ်အရလည်း ကင်မ်အီဆွန်း စိတ်ဓာတ်အတိုင်းပဲလို့ ဆိုထားပါတယ်။

မြောက်ကိုရီးယားအရေး လေ့လာသုံးသပ်သူများကတော့ ကင်မ်ဂျုံအီဟာ သားနဲ့ သမီးဖြစ်သူကို တချိန်တည်း တပြိုင်နက်တည်း လေ့ကျင့်သင်ကြားပေးခဲ့ကာ အစ်ကိုဖြစ်သူကို အဓိက ပံ့ပိုးနိုင်သူဖြစ်အောင် သမီးဖြစ်သူကို ပိုမိုပြီး လေ့ကျင့်ပေးထားပုံ ရတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါ့ကြောင့်လည်း ကင်မ်ဂျုံအွန်ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲများမှာ သူဟာ အရေးပါသူတစ်ဦးအဖြစ် ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

ကင်မ်ဂျုံအွန်အလွန် မြောက်ကိုရီးယားရဲ့ နိုင်ငံရေးခေါင်းဆောင်နေရာမှာ အမျိုးသမီးတစ်ဦးဖြစ်တဲ့၊ နိုင်ငံရေးအရလည်း စိတ်ဓာတ် ပြင်းထန် ပြတ်သားပုံပေါက်တဲ့ ကင်မ်ယိုဂျောင်း နေရာရလာခဲ့ပြီဆိုပါက သူ့အဘိုး တည်ထောင်ခဲ့တဲ့ မြောက်ကိုရီးယားလို့ လူသိများတဲ့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံရဲ့ စတုတ္ထမြောက် ခေါင်းဆောင် ဖြစ်လာမှာလားဆိုတာ စိတ်ဝင်စားစရာပါ။

_____________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)