၈ လွှာကနေ မိမိ ကိုယ်ကိုသေကြောင်းကြံတဲ့ အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

0
278

တောင်ကိုရီးယားနိုင်ငံ Siheung မြို့မှာ  ၈ လွှာတိုက်ခန်း တစ်ခန်းကနေ  ပြီးခဲ့တဲ့ စနေနေ့က ခုန်ချဖို့  သေကြောင်း ကြံခဲ့တဲ့ အမျိုးသမီးတစ်ဦးကို  တောင်ကိုရီးယား  မီးသတ်တပ်ဖွဲ့ဝင်တွေ  ကယ်တင်နိုင်ခဲ့ကြ ပါတယ်။

သူမဟာ တိုက်ခန်း ၈ လွှာ ၀ရန်တာလက်ရန်း ပေါ်မှာ ထိုင်နေခဲ့တဲ့  သူမကိုကယ်ဆယ်ဖို့ မီးသတ်သမားတွေ ကြိုးစားခဲ့ကြပါတယ်။

တိုက်ရဲ့အောက်မှာလည်း ခုန်ချတဲ့အခါထိခိုက် မှုမရှိအောင် ဆောင်ရွက်ထားခဲ့ကျပြီး သူမကို အာရုံလွဲ ထားခဲ့ကြပါတယ်။

အဲ့ဒီအချိန်မှာပဲ မီးသတ်သမားတစ်ယောက်က ၉ လွှာ တိုက်ခန်းကနေတက်ကာ  ၀ရန်တာလက်ရမ်းပေါ် ထိုင်နေတဲ့သူမကို ခြေထောက် နဲ့ ကန်ချခဲ့ပါတယ်။

အဲ့ဒီနောက် သူမဟာ အိမ်ထဲကို နောက်ပြန်လဲကျသွားပြီး  ထိခိုက်ဒဏ်ရာမရရှိဘဲ အသက်ရှင် လွတ်မြောက်သွားခဲ့ တယ်လို့ ဒေသတွင်းမီဒီယာတွေ မှာဖော်ပြထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)