သွေးစစ်ဆေးမှုက တကျော့ပြန်ကင်ဆာကို တစ်နှစ်စောပြီးသိရှိစေနိုင်

0
277

အိတ်စ်ရေးနဲ့ ကွန်ပျူတာဓါတ်မှန်တွေမှာ မပေါ်နိုင်တဲ့ ကင်ဆာလက္ခဏာပြသတဲ့ ဆဲလ်အသေးစားလေးတွေကို သွေးစစ်ဆေးမှုနဲ့ သိရှိနိုင်ကြောင်း ဗြိတိန်ပညာရှင်တစ်ဖွဲ့က တွေ့ရှိကြောင်းသိရပါတယ်။

အဆိုပါတွေ့ရှိမှုကြောင့် တကျော့ပြန်လာတဲ့ကင်ဆာရောဂါ ကို အချိန်တစ်နှစ်အထိစောပြီး သိရှိစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆေးချက်ကြောင့် အကျိတ်တွေကို စောစောသိရှိပြီး ကုသနိုင်မယ့်အခွင့်အလမ်းလည်း ပိုများလာစေမှာဖြစ်ပါတယ်။

မတည်ငြိမ်တဲ့ ဒီအန်အေက ဘယ်လိုနည်းနဲ့ကင်ဆာဖြစ်စေသလဲဆိုတာကိုလည်း ပညာရှင်တွေ လေ့လာဖို့ အခွင့်အရေးရရှိစေမှာ  ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဆုတ်ကင်ဆာအတွက် သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပေမယ့် တွေ့ရှိချက်က အခြေခံကျလွန်းတာ ကြောင့် ကင်ဆာဝေဒနာရှင်အားလုံးမှာ အသုံးပြုနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရှိရပါတယ်။

အခြားကင်ဆာအကျိတ်တွေနဲ့နှိုင်း ယှဉ်မယ်ဆိုရင် အဆုတ်ကင်ဆာကြောင့် လူသေဆုံးမှုများပြားနေပါတယ်။ အခုပြုလုပ်ခဲ့တဲ့ သုတေသနမှာ အဓိကအချက်အနေနဲ့ ဆေးပညာရှင်တွေက ကင်ဆာဆဲလ် ဘယ်လိုဖြစ်ပေါ် ပျံ့နှံ့လာတယ်ဆိုတာကို လေ့လာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)