ရှေးဟောင်း မြို့ဟတ်ထရာကို အီရတ်တပ်တွေ ပြန်သိမ်းနိုင်ပြီ

0
280

အိုင်အက်စ်အကြမ်းဖက်သမားတွေက ဖျက်ဆီးခဲ့တယ်လို့ ယုံကြည်ရတဲ့ဟတ်ထရာရှေးဟောင်းမြို့ကို အီရတ်စစ်တပ်က ပြန်သိမ်း ပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အီရတ်ပြည်သူစစ်တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါဟတ်ထရာမြို့ဟာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အ ဖြစ်သတ်မှတ်ထားတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

အီရတ်တပ်ဖွဲ့တွေက ဖော်ပြခဲ့တဲ့ ဟတ်ထရာမြို့ရဲ့ဓါတ်ပုံတွေမှာ အိုင်အက်စ်တွေ ဖျက်ဆီးထားတဲ့ အပျက်အစီးတွေကို မဖယ်ရှား ရသေးတာကို တွေ့ရှိရပါတယ်။

အီရတ်မှာအစ္စလာမ်မစ်ဝါဒမရှိခင်က တည်ရှိခဲ့တဲ့ ရှေးဟောင်းသမိုင်းသက်သေတွေကို အိုင်အက်စ် တွေက ဘူဒိုဇာနဲ့ထိုးကော်ပြီး မြေလှန်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

အီရတ်ယဉ်ကျေးမှုအမွေအနှစ်တွေကို အဲဒီလိုဖျက်ဆီးခဲ့တာဟာ စစ်ရာဇ၀တ်မှုကျုးလွန်တာပဲလို့ ယူနက်စကိုအဖွဲ့ကြီးက ပြောဆို ရှုတ်ချခဲ့ပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့အင်္ဂါနေ့အာရုဏ်တက်ချိန်ကစပြီး ဟတ်ထရာမြို့ကို တိုက်စစ်ဆင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ နေ့လည်ခင်းမှာ ဟတ်ထရာမြို့ရဲ့ရှေးဟောင်းသမိုင်းဝင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ရဲ့အခြားအစိတ်အပိုင်း တွေကို ဆက်လက်သိမ်းယူနေခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အစ္စလာမ်မစ်အစွန်းရောက်တွေ မသိမ်းခင်အချိန်အထိ ဘဂ္ဂဒက်မြို့အနောက်မြောက်ဘက် မိုင်၁၈၀အကွာနဲ့ မိုဆူး လ်မြို့ရဲ့အနောက်တောင်ဘက် ၁၁၀ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ဟတ်ထရာမြို့ဟာ အီရတ်ရှေးဟောင်းသမိုင်း အနုပညာ လက်ရာတွေကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ခဲ့တဲ့ ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)