ကတ်ရှ်မီးယားဒေသ မတည်ငြိမ်မှုဖြစ်နေချိန် အိန္ဒိယအစိုးရက လူမှုကွန်ရက်ကို ပိတ်ပင်ထား

0
284

အိန္ဒိယနိုင်ငံ၊ ကတ်ရှ်မီးယားဒေသမှာ အဓိကရုဏ်းတွေ ဖြစ်ပေါ်နေတာကြောင့် အာဏာပိုင်တွေက ဖေ့ဘွတ်ခ်၊တွစ်တာနဲ့ Whats App အပါအ၀င် လူမှုကွန်ယက်၂၂ ခုကို ပိတ်ပင်လိုက်ပါတယ်။

အဓိကရုဏ်းတွေ ဖန်တီးဖို့အတွက် အစိုးရဆန့်ကျင်ရေး သမားတွေ ကအဆိုပါ ကွန်ယက်တွေကို အသုံးချနေတာကြောင့် အခုလိုပိတ်ပင်လိုက်တာဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။

ကတ်ရှ်မီးယားပြည်နယ်မှာ ဆူပူအုံကြွသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အဓိကရုဏ်းအတွင်း ထိပ်တိုက် တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး အနည်း ဆုံး လူ ၉ဦးသေဆုံးခဲ့ပါတယ်။

အခြားလူမှုကွန်ယက်ဝန်ဆောင်မှုတွေ၊ ဆက်သွယ်ရေး ၀က်ဘ်ဆိုက်ဒ်တွေဖြစ်တဲ့ ယူကျု၊ စကိုက်၊ တဲလ်လီဂရမ်၊ snapchat နဲ့ Redditတွေကိုလည်း အခုထုတ်ပြန်လိုက်တဲ့ အမိန့်အရ ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။

အစိုးရကို မကျေနပ်ချက်တိုးပွားစေမယ့် လှုံ့ဆော်မှုတွေကိုအဆိုပါ နည်းပညာတွေအသုံးပြုပြီး ဖြန့်ချိလှုံ့ဆော်နေကြကြောင်း ပြည်နယ်အစိုးရက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လူသိများတဲ့စစ်သွေးကြွခေါင်းဆောင်ဘာဟန်ဝါနီကို လုံခြုံရေးတပ် ဖွဲ့တွေက သတ်ဖြတ်ခဲ့ပြီးနောက်မှာ ကတ်ရှ်မီးယားပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်မှုနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုမိုများပြားလာခဲ့ ပါတယ်။

မွတ်စလင်ဘာသာဝင်အများစုနေထိုင်တဲ့ ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြားက ဆယ်စုနှစ်နဲ့ချီနေတဲ့ အငြင်းပွားမှုပြဿနာဖြစ်နေပြီး စောင့်ကြည့်လေ့လာသူတွေက အိန္ဒိယနိုင်ငံအနေနဲ့ အဆိုပါဒေသကို ဆုံးရှုံးရတော့မလားလို့ မေး ခွန်းထုတ်ခဲ့ကြပါတယ်။

ခွဲထွက်ရေးအတွက် ကတ်ရှ်မီးယားမှာနေထိုင်သူတွေကို ပါကစ္စတန်က လှုံ့ဆော်နေတယ်လို့ အိန္ဒိယက စွပ်စွဲပြောဆိုထားပြီး ဒီစွပ်စွဲချက်ကို ပါကစ္စတန်အစိုးရက ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံစလုံးကတော့ ကတ်ရှ်မီးယားကို မိမိတို့ကပဲပိုင်ဆိုင်သင့် တယ်လို့ ကြွေးကြော်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)