ရွှေ့ပြောင်းဝင်ရောက်သူ ဒုက္ခသည် ၂၀၀၀ ကျော်ကို ကယ်ဆယ်

0
292

မြေထဲပင်လယ်ကို ကူးဖြတ်လာတဲ့ ဒုက္ခသည် ရွှေ့ပြောင်း ဝင်ရောက်သူ ၂၀၀၀ ကျော်ကို  ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက  ဥရောပ၊ မော်လ်တာ အခြေစိုက်  ရွှေ့ပြောင်းဝင်ရောက်သူများ ကူညီရေးစခန်း (MOAS) က ကယ်ဆယ်ထားပါတယ်။

အဲ့ဒီ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ  ဥရောပမှာ ခိုလှုံခွင့်ရဖို့  ရောက်ရှိလာကြတာဖြစ်ပြီး  ဒုက္ခသည် အများစုက အာဖရိကနိုင်ငံက ဖြစ်ကြပါတယ်။ အဲ့ဒီလို ရွှေ့ပြောင်းလာတဲ့ ရာချီနေတဲ့ ဒုက္ခသည်တွေကို ကမ်းခြေစောင့် MOAS အဖွဲ့တွေက  အီတလီကမ်းခြေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း   ဒုက္ခသည်  ၃ သိန်း ၂ သောင်း   ဥရောပသမဂ္ဂ   နိုင်ငံတွေထဲ ၀င်ရောက်ခဲ့ပြီး မြေထဲပင်လယ်ထဲ သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးသူ  ၆၅၀ ကျော် ရှိနေခဲ့တယ်လို့   အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်ရေး အဖွဲ့အစည်းတွေ ရဲ့ထုတ်ပြန်ချက်တွေ အရ သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)