ဟိမ၀န္တာဒေသမှာ ပျောက်ဆုံးနေတဲ့ ထိုင်ဝမ်လူမျိုး ၄၇ ရက် အကြာမှာ ပြန်တွေ့

0
205

အသက် ၂၁ နှစ်အရွယ် တောတွင်းခရီးကြမ်းစွန့်စားသွားလာသူ ထိုင်ဝမ်လူမျိုးတစ်ဦးကို သူ့ရဲ့ချစ်သူနဲ့အတူ ပျောက်ဆုံးသွားပြီး ၄၇ ရက်အကြာ ဟိမ၀န္တာဒေသတစ်နေရာမှာ ရှာဖွေကယ်ဆယ်ရေးသမားတွေက ပြန်လည်တွေ့ရှိခဲ့ပါတယ်။

တောင်တက်ကယ်ဆယ်ရေးအဖွဲ့က နီပေါနိုင်ငံ၊ ဒါဒင်းခရိုင်အတွင်းက တစ်လင်းကျေးရွာအနီးက အမြင့်ပေ ၈၅၀၀ က ချောက်တစ်ခုအတွင်းမှာ အဆိုပါထိုင်ဝမ်လူမျိုးလီအန်ရှန်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူ အသက် ၁၉ နှစ်အရွယ် လုချင်ချန်ကတော့ သေဆုံးနေခဲ့ပြီး အလောင်းကိုအနီးနားမှာ တွေ့ရှိခဲ့ရပါတယ်။

လက်ရှိအချိန်မှာ မစ္စတာလီကို နီပေါမြို့တော် ခတ္တမန်ဒူရှိ ဆေးရုံမှာ ကုသပေးနေပြီး အသက်အန္တရာယ် မစိုးရိမ်ရတဲ့အခြေအနေရှိ ကြောင်း သိရှိရပါတယ်။

ဆရာဝန်တွေရဲ့ပြောကြားချက်အရ မစ္စတာလီဟာ ရေနဲ့ဆားကိုပဲ စားသောက်ခဲ့ပြီး အသက်ရှင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် သူ့ရဲ့ကိုယ်အလေးချိန်ကလည်း ပေါင် ၆၀ ကျော် ကျဆင်းသွားခဲ့တာကို တွေ့ရှိရပါတယ်။

သူတို့စုံတွဲဟာ ထိုင်ဝမ်နိုင်ငံက အမျိုးသားဒေါင်ဟွာတက္ကသိုလ်က ပထမနှစ်ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါ ရီလအတွင်းက အိန္ဒိယကနေ နီပေါကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၉ရက်နေ့မှာ ဒါဒင်းခရိုင်မြောက်ပိုင်းမှာ သူတို့ စုံတွဲကို နောက်ဆုံးမြင်တွေ့ခဲ့ရပြီးနောက်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ ထိုင်ဝမ်ကို ဖုန်းမခေါ်တာ ကြောင့် သူတို့ရဲ့မိဘတွေက စိတ်ပူပန်ခဲ့ကြပါတယ်။ ငါးရက်ကြာ အဆက်အသွယ်ပြတ်တောက်ချိန်မှာတော့ အာဏာပိုင်တွေကို ရှာဖွေကယ်ဆယ်ပေးဖို့ မိဘတွေက အကူအညီတောင်းခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)