ထရန့်ရဲ့မဟာဗျူဟာကြောင့် ပြင်းထန်တဲ့ ပိတ်ဆို့မှုနဲ့ ကြုံရတော့မယ့် မြောက်ကိုရီးယား

0
264

နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ရပ်တန့်သွားစေဖို့ ဖိအားပေးတဲ့အနေနဲ့ မြောက်ကိုရီးယားကို အမေရိကန်က ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်အမတ် အားလုံးနဲ့ဆွေးနွေးမှုအပြီးမှာ သမ္မတထရန့်က သူ့ရဲ့ပိတ်ဆို့မှုမဟာဗျုဟာကို ထုတ်ဖော်ကြေညာခဲ့တာပါ။

မြောက်ကိုရီးယားက နောက်ထပ်လက်နက်စမ်းသပ်ချက်တွေ ပြုလုပ်လာမှာကို စိုးရိမ်မကင်းဖြစ်ပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင်အမေရိကန်နိုင်ငံအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံနဲ့ အတူ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့အတွက်လည်း ပြင်ဆင်ထားပါ တယ်လို့ ဆက်လက်ပြောကြားခဲ့ကြပါတယ်။

သေချာတာကတော့ လွှတ်တော်အမတ်တွေနဲ့ ထရန့်တို့ရဲ့ဆွေးနွေးမှုမှာ စစ်ရေးအရလုပ်ဆောင်ဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြတယ်ဆိုတဲ့အချက်ပါ။ လက်ရှိအချိန်မှာလည်း မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ ပြင်းထန်တဲ့ပိတ်ဆို့မှုအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂအဖွဲ့ရဲ့ပိတ်ပင်မှုကို ချိုးဖောက်ပြီး လက်နက်စမ်းသပ်ချက်တွေ ယခုနှစ်အတွင်းမှာ ဆက် တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့ မြောက်ကိုရီးယားက တိုက်ခိုက်မှုစတင်လာခဲ့ရင် တုံ့ပြန်ကာကွယ်ပေးနိုင်ဖို့အတွက် ဒုံးကျည် ကာကွယ်ရေးစနစ် Thaad စနစ်ကို တောင်ကိုရီးယားမှာ အမေရိကန်က တပ်ဆင်ထားပါတယ်။ ဒီစနစ်တပ်ဆင်မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ပြည်သူတွေကိုယ်တိုင်က ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။

တရုတ်အစိုးရက Thaad စနစ်တပ်ဆင်မှုက လုံခြုံရေး ဆိုင်ရာ မတည်ငြိမ်မှုဖြစ်စေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ အဆိုပါ စနစ်တပ်ဆင်မှုကို ကန့်ကွက်ပွဲမှာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီး လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)