တရားဟောဆရာဂူလန်နဲ့ ဆက်နွယ်သူ ရဲအရာရှိ ၉၀၀၀ ကို တူရကီ အလုပ်ဖြုတ်

0
253

အမေရိကန်အခြေစိုက် အစ္စလာမ်မစ်တရားဟောဆရာ ဖက်သူလာဂူလန်နဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတယ်ဆိုပြီး ရဲအရာရှိ ၉၀၀၀ ကို တူရကီအစိုးရက တာဝန်ကနေထုတ်ပယ်လိုက်ပါတယ်။

အဆိုပါလုပ်ဆောင်ချက်ဟာ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ဆောင်ရတာဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မအောင်မြင်တဲ့အာဏာသိမ်းပွဲကို တရားဟောဆရာဂူလန်က လှုံ့ဆော်အကြံပေးခဲ့တာဖြစ်ကြောင်း  တူရကီသမ္မတတေရစ်အာဒိုဂန်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ တရားဟောဆရာဂူလန်ကတော့ အဆိုပါစွပ်စွဲမှုကို ငြင်းပယ်ခဲ့ပါတယ်။

အစောပိုင်းကလည်း ဂူလန်ထောက်ခံသူ နှိမ်နှင်းရေးဆိုပြီး လူပေါင်း ၁၀၀၀ ခန့်ကို တူရကီအစိုးရက ဖမ်းဆီးခဲ့ပါသေးတယ်။

လျှို့ဝှက်အီမန်ဆိုပြီး ရဲတပ်ဖွဲ့အတွင်းကို ဂူလန်ထောက်ခံသူကွန်ယက်စိမ့်ဝင်နေတယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး ဆူလမန်ဆလုက ပြောဆိုခဲ့ပါတယ်။ အဆိုပါလျှို့ဝှက်အီမန်တွေကို ဖမ်းဆီးတဲ့စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေ ခဲ့ကြောင်းလည်း ၀န်ကြီး က ပြောပါတယ်။

သမ္မတအာဒိုဂန်ဟာ ပြီးခဲ့တဲ့ ပြည်သူဆန္ဒခံယူပွဲမှာ မဲအနည်းငယ်အသာနဲ့အနိုင်ရခဲ့ပြီး သူ့ရဲ့အာဏာကိုတိုးချဲ့မြှင့်တင်နိုင်ခဲ့တာ ကြောင့် အာဏာရှင်လုပ်ပိုင်ခွင့်ကို ပိုပြီးခိုင်မြဲလာစေခဲ့ပါတယ်။ အတိုက်အခံတွေကတော့ အာဒိုဂန်ရဲ့အောင်ပွဲဟာ တိုင်းပြည်ကို နှစ်ခြမ်းကွဲစေပြီး အာဏာရှင်စနစ်ဘက်ကို ပိုယိမ်းသွားစေတယ်လို့ ယူဆထားကြပါတယ်။

ဒါ့အပြင်လွှတ်တော်ကလည်း ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီးနောက် နှစ်ရက်အကြာမှာ လွှတ်တော်အရေးပေါ် အခြေအနေကာလ ကို နောက်ထပ် သုံးလတိုးမြင့်ပြီး ၉လအဖြစ် ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

အတိုက်အခံတွေက ပြည်သူ့ဆန္ဒခံယူပွဲရလဒ်ကို ကန့်ကွက်မှုတွေရှိနေပေမယ့်လည်း သမ္မတအာဒိုဂန်ကတော့ အဆိုပါရလဒ်ဟာနောက်ဆုံးအတည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)