ေယာဂ ေလ့က်င့္ခန္း မွားယြင္းသြားလို႔ တ႐ုတ္ မိန္းကေလးငယ္ အေၾကာေသ

0
1022

အႏၱရာယ္မ်ားတဲ့ ေယာဂပံုစံကို သြားလုပ္မိတဲ့ အသက္ ၄ ႏွစ္အရြယ္ တ႐ုတ္မိန္းကေလးငယ္ဟာ တစ္သက္လံုး ခံစားရမယ့္ အေၾကာေသေရာဂါကို ရရွိသြားပါတယ္။

CCTV မွတ္တမ္းေတြအရ ေရွာက္ေပါင္ဆိုတဲ့ မိန္းကေလးဟာ အႏၱရာယ္မ်ားတဲ့ ေနာက္လွန္ ပံုစံကို လုပ္ရာမွာ ကိုယ့္အေလးခ်ိန္ ကိုယ္မထိန္းႏိုင္ဘဲ လဲက်ခဲ့တာျဖစ္ေၾကာင္း ေတြ႔ခဲ့ၾကပါတယ္။ ေရွာက္ေပါင္ဟာ က်န္ဇုျပည္နယ္ရွိ အက သင္တန္းတစ္ခုမွာ တက္ေနတာ ျဖစ္ၿပီး အခု မေတာ္တဆ ျဖစ္တဲ့အခါ စံုစမ္းရာမွာ အဲဒီ သင္တန္းဟာ တရားဝင္ လိုင္စင္မရွိဘဲ ဖြင့္ထားေၾကာင္း သိရွိခဲ့ၾကပါတယ္။

မိန္းကေလးငယ္ဟာ ေျခေထာက္ေတြ ခံစားမႈ မရွိေတာ့ဘဲ ျဖစ္လာလို႔ ေဆး႐ံုကို သြားခဲ့ၾကပါတယ္။ ေၾကာ႐ိုးမႀကီး က်ိဳးသြားတာ မဟုတ္ေပမယ့္ ဆိုးဆိုးရြားရြား ထိခိုက္မႈေၾကာင့္ အေၾကာေသသလို ျဖစ္သြားတာ ျဖစ္တယ္လို႔ က်န္ဇု ကေလးေဆး႐ံုက အာ႐ံုေၾကာ အထူးကု ဆရာဝန္ႀကီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယောဂ လေ့ကျင့်ခန်း မှားယွင်းသွားလို့ တရုတ် မိန်းကလေးငယ် အကြောသေ

အန္တရာယ်များတဲ့ ယောဂပုံစံကို သွားလုပ်မိတဲ့ အသက် ၄ နှစ်အရွယ် တရုတ်မိန်းကလေးငယ်ဟာ တစ်သက်လုံး ခံစားရမယ့် အကြောသေရောဂါကို ရရှိသွားပါတယ်။

CCTV မှတ်တမ်းတွေအရ ရှောက်ပေါင်ဆိုတဲ့ မိန်းကလေးဟာ အန္တရာယ်များတဲ့ နောက်လှန် ပုံစံကို လုပ်ရာမှာ ကိုယ့်အလေးချိန် ကိုယ်မထိန်းနိုင်ဘဲ လဲကျခဲ့တာဖြစ်ကြောင်း တွေ့ခဲ့ကြပါတယ်။ ရှောက်ပေါင်ဟာ ကျန်ဇုပြည်နယ်ရှိ အက သင်တန်းတစ်ခုမှာ တက်နေတာ ဖြစ်ပြီး အခု မတော်တဆ ဖြစ်တဲ့အခါ စုံစမ်းရာမှာ အဲဒီ သင်တန်းဟာ တရားဝင် လိုင်စင်မရှိဘဲ ဖွင့်ထားကြောင်း သိရှိခဲ့ကြပါတယ်။

မိန်းကလေးငယ်ဟာ ခြေထောက်တွေ ခံစားမှု မရှိတော့ဘဲ ဖြစ်လာလို့ ဆေးရုံကို သွားခဲ့ကြပါတယ်။ ကြောရိုးမကြီး ကျိုးသွားတာ မဟုတ်ပေမယ့် ဆိုးဆိုးရွားရွား ထိခိုက်မှုကြောင့် အကြောသေသလို ဖြစ်သွားတာ ဖြစ်တယ်လို့ ကျန်ဇု ကလေးဆေးရုံက အာရုံကြော အထူးကု ဆရာဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)