႐ုရွား ေအာ္သိုေဒါက္ ဘာသာေရး ေခါင္းေဆာင္နဲ႔ ပူတင္ကို IS ေတြ ပစ္မွတ္ထားေန

0
893

႐ုရွား ေအာ္သိုေဒါက္ ခ်ာ့ခ်္ ေခါင္းေဆာင္ ပက္ထရီယာ့ ကီရီနဲ႔ ႐ုရွား သမၼတ ဗလာဒီမာ ပူတင္တို႔ကို IS အစၥလာမ္ အၾကမ္းဖက္အဖြဲ႔က ပစ္မွတ္ထားဖို႔ လံႈ႔ေဆာ္ေနၾကပါတယ္။

အသစ္ထြက္ေပၚေနတဲ့ ဝါဒျဖန္႔ ပိုစတာေတြထဲမွာ ကီရီနဲ႔ ပူတင္ပံုေတြ ထည့္သြင္းထားၿပီး အာရဗီဘာသာ၊ ႐ုရွားဘာသာေတြနဲ႔ ဝါဒျဖန္႔ လံႈ႕ေဆာ္ထားပါတယ္။ ဝါဒျဖန္႔ခ်ီမႈေတြဟာ ႐ုရွား ေရြးေကာက္ပြဲ က်င္းပမယ့္ မတ္လ ၁၈ ရက္ မတိုင္ခင္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က ႐ုရွားေတာင္ပိုင္းရွိ မြတ္စလင္ေတြ ႀကီးစိုးရာ ဒါဂက္စတန္ရွိ ဘုရားေက်ာင္းအျပင္ဘက္မွာ ေအာ္သိုေဒါက္ ဘာသာဝင္ အမ်ိဳးသမီး ၅ ဦး သတ္ျဖတ္မႈကိုလည္း သူတို႔လက္ခ်က္လို႔ IS အၾကမ္းဖက္အဖြဲ႔က ေၾကညာထားပါတယ္။ ဆီးရီးယား ျပည္တြင္းစစ္မွာ ဆီးရီးယား အစိုးရကို ႐ုရွားက ေထာက္ခံေနတာကိုလည္း IS အၾကမ္းဖက္အဖြဲ႔က ျပင္းျပင္းထန္ထန္ ဆန္႔က်င္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား အော်သိုဒေါက် ဘာသာရေး ခေါင်းဆောင်နဲ့ ပူတင်ကို IS တွေ ပစ်မှတ်ထားနေ

ရုရှား အော်သိုဒေါက် ချာ့ချ် ခေါင်းဆောင် ပက်ထရီယာ့ ကီရီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ကို IS အစ္စလာမ် အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားဖို့ လှုံ့ဆော်နေကြပါတယ်။

အသစ်ထွက်ပေါ်နေတဲ့ ဝါဒဖြန့် ပိုစတာတွေထဲမှာ ကီရီနဲ့ ပူတင်ပုံတွေ ထည့်သွင်းထားပြီး အာရဗီဘာသာ၊ ရုရှားဘာသာတွေနဲ့ ဝါဒဖြန့် လှုံ့ဆော်ထားပါတယ်။ ဝါဒဖြန့်ချီမှုတွေဟာ ရုရှား ရွေးကောက်ပွဲ ကျင်းပမယ့် မတ်လ ၁၈ ရက် မတိုင်ခင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရုရှားတောင်ပိုင်းရှိ မွတ်စလင်တွေ ကြီးစိုးရာ ဒါဂက်စတန်ရှိ ဘုရားကျောင်းအပြင်ဘက်မှာ အော်သိုဒေါက် ဘာသာဝင် အမျိုးသမီး ၅ ဦး သတ်ဖြတ်မှုကိုလည်း သူတို့လက်ချက်လို့ IS အကြမ်းဖက်အဖွဲ့က ကြေညာထားပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယား အစိုးရကို ရုရှားက ထောက်ခံနေတာကိုလည်း IS အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)