ထိုင္းေရြးေကာက္ပြဲ ၂၀၁၉ ေဖေဖာ္ဝါရီထက္ ေနာက္မက်ဘဲ က်င္းပမယ္

0
852

လာမယ့္ ႏိုဝင္ဘာမွာ က်င္းပမယ္လို႔ ကနဦးတုန္းက ေျပာထားတဲ့ ေရြးေကာက္ပြဲကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလထက္ ေနာက္မက်ေစဘဲ က်င္းပမယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာက ေၾကညာပါတယ္။

ထိုင္းေရြးေကာက္ပြဲရက္ တိတိက်က် မေၾကညာတာနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈ၊ ဆႏၵျပမႈေတြ ျဖစ္ၿပီးေနာက္ ဒီေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာက ေၾကညာလိုက္တာ ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေရြးေကာက္ပြဲ က်င္းပမယ့္ရက္ကို အႀကိမ္ႀကိမ္ ေရႊ႕ဆိုင္းခဲ့ပါတယ္။

ဒီႏွစ္ႏိုဝင္ဘာမွာ က်င္းပမယ္လို႔ ေျပာထားခဲ့ေပမယ့္ စစ္တပ္က ခန္႔အပ္ထားတဲ့ အမတ္ေတြက ေရြးေကာက္ပြဲ ဥပေဒကို ျပင္ဆင္ေနလို႔ ထပ္ၿပီး ေႏွာင့္ေႏွးေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းရွေးကောက်ပွဲ ၂၀၁၉ ဖေဖော်ဝါရီထက် နောက်မကျဘဲ ကျင်းပမယ်

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ်လို့ ကနဦးတုန်းက ပြောထားတဲ့ ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျစေဘဲ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြေညာပါတယ်။

ထိုင်းရွေးကောက်ပွဲရက် တိတိကျကျ မကြေညာတာနဲ့ ပတ်သက်ပြီး ဝေဖန်မှု၊ ဆန္ဒပြမှုတွေ ဖြစ်ပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြေညာလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒီနှစ်နိုဝင်ဘာမှာ ကျင်းပမယ်လို့ ပြောထားခဲ့ပေမယ့် စစ်တပ်က ခန့်အပ်ထားတဲ့ အမတ်တွေက ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်နေလို့ ထပ်ပြီး နှောင့်နှေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)