
0
329





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား အမျိုးသမီးတွေ အကူအညီပေးရေး ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက စေလွှတ်တဲ့ ဝန်ထမ်းတွေဟာ ဆီးရီးယား အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ရှိတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အကူအညီပေးရေး အဖွဲ့ အကြီးအကဲတွေက လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သတိပေးမှုတွေ ရှိပေမယ့် ဆီးရီးယား တောင်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ဆက်ရှိနေတယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

စားနပ်ရိက္ခာအတွက် လိင်ဆက်ဆံဖို့ အကူအညီပေးရေး ဝန်ထမ်းတချို့က တောင်းဆိုတဲ့အတွက် အမျိုးသမီးတွေဟာ အကူအညီပေးရေး စင်တာတွေကို မသွားဘဲနေကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဗြိတိသျှ အကူအညီပေးရေးအဖွဲ့ အောက်စ်ဖမ်း (Oxfam) မှာ လိင်ပိုင်းဆိုင်ရာ အသုံးချမှုတွေရှိကြောင်း ပေါ်ထွက်ခဲ့ပြီးနောက် အခု ဆီးရီးယားမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ရှိကြောင်း ထပ်မံ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)