
0
349




>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက်သမား ၂ ဦးကို အီရတ် လုံခြုံရေးတပ်ဖွဲ့ သုတ်သင်

ကီရာကတ် ပြည်နယ်၊ ဟာဝီဂျီမှာ အီရတ် လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက်သမား ၂ ဦးကို မနေ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ သုတ်သင်လိုက်ပါတယ်။

ထောက်လှမ်းရေးရဲ့ သတင်းပေးချက်အရ အီရတ် လုံခြုံရေးတပ်ဖွဲ့တွေက အန် နာဂျာတီယာရွာ အနီးမှာ ရှာဖွေစီးနင်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ကို စတင်ပစ်ခတ်တာ ဖြစ်ပြီး အကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့ပါတယ်။ ဟာဝီဂျာမှာ အကြမ်းဖက်သမားတွေ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက အီရတ်မှာ အကြမ်းဖက်သမားတွေကို ရှင်းလင်းပြီး ဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့် ကီရာကတ် အပါအဝင် နေရာအနှံ့အပြားမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)