
0
919




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထင်ရှားတဲ့ တရုတ်ရှေ့နေ သံသယဖြစ်ဖွယ် သေဆုံး

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ရှိ စစ်ဆေးရုံမှာ ထင်ရှားတဲ့ တရုတ်ရှေ့နေ လီ ဘေဂေါင်ဟာ မနေ့က ဖေဖော်ဝါရီ ၂၆ မှာ သံသယဖြစ်ဖွယ် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ လီဟာ အမှတ် (၈၁) စစ်ဆေးရုံမှာ ဗိုက် အနည်းငယ်အောင့်လို့ သွားရောက် ဆေးကုသစဉ် သေဆုံးတာ ဖြစ်ပါတယ်။ ဆေးရုံရောက်ပြီး နာရီ အနည်းငယ်အကြာမှာ အသည်းက အလုပ်မလုပ်တော့လို့ သေဆုံးတယ်လို့ ဆေးရုံက ပြောကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတ ရှီကျင့်ဖျက်ကို ဝေဖန်တဲ့အတွက် ရှေ့နေ လီဟာ ဓားစာခံဖြစ်ရတာလို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)