
0
882




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆယ်လ်ဖီကို စွဲလန်းနေသူ တစ်ရက်ကို ပုံ ၂၀ဝ ရိုက်

အင်စတာဂရမ်မှာ follower ၅ သောင်းရှိသူ ဂျွန်အစ် အာမက်ဟာ ဆယ်လ်ဖီဓာတ်ပုံ မရိုက်ရ မနေနိုင်သူဖြစ်ပြီး ဆယ်လ်ဖီ စွဲလမ်းသူ တစ်ယောက် ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အာမက်ဟာ တစ်ရက်ကို ဆယ်လ်ဖီ ဓာတ်ပုံ ၂၀ဝ ခန့် ရိုက်ကူးလေ့ရှိပါတယ်။ အာမက်က ဓာတ်ပုံတွေကို လူမှုကွန်ရက် မီဒီယာမှာ တင်လေ့ရှိပြီး ဓာတ်ပုံက Like ၆၀ဝ ထက် နည်းရင် ဖျက်ပစ်လိုက်လေ့ ရှိပါတယ်။

ပုံတွေကို တင်တင်ပြီးချင်း တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာ Like ၁၀ဝ လောက် ရလေ့ရှိပါတယ်လို့ အာမက်က ပြောပါတယ်။ ဆယ်လ်ဖီ ဓာတ်ပုံရိုက်တာကို စွဲလမ်းနေသူတွေကို ဆယ်လ်ဖီတစ်လို့ စတင် သုံးနှုန်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)