သူရဲေဘာေၾကာင္တယ္လို႔ အေျပာခံရတဲ့ ရဲအရာရွိက ခုခံကာကြယ္ ေျပာဆို

0
843

ဖေလာ္ရီဒါ အထက္တန္းေက်ာင္းမွာ ၁၇ ဦး ေသဆံုးတဲ့ ပစ္ခတ္မႈအတြင္း တာဝန္က် ရဲအရာရွိက ဘာမွ လုပ္ေဆာင္မႈ မရွိတဲ့အေပၚ သမၼတ ေဒၚနယ္ ထရမ့္က သူရဲေဘာေၾကာင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ရဲအရာရွိ စေကာက္ ပီတာဆန္က ပစ္ခတ္မႈဟာ ေက်ာင္းျပင္ပမွာ ျဖစ္ေနတယ္လို႔ ထင္တာေၾကာင့္ ဘာမွ မလုပ္ေဆာင္ခဲ့တာ ျဖစ္ေၾကာင္း ခုခံကာကြယ္ ေျပာဆိုပါတယ္။

ရဲအရာရွိ စေကာက္ ပီတာဆန္ဟာ မေဂ်ာ္ရတီ စတုန္းမန္း ေဒါက္ဂလပ္ အထက္တန္းေက်ာင္းထဲမွာ ပစ္ခတ္မႈျဖစ္စဥ္ ပစ္ခတ္မႈက အျပင္မွာ ျဖစ္ေနတယ္လို႔ ထင္တာေၾကာင့္ ဘာမွ မလုပ္ခဲ့တာလို႔ ပီတာဆန္ရဲ႕ ေရွ႕ေန ဂ်ိဳးဇက္ ဒီရက္ဇ္ဇိုက ေျပာပါတယ္။

ဘေရာဝါ့ဒ္ စီရင္စု ရဲအရာရွိ စေကာက္ အစၥရီယယ္က ပီတာဆန္ကို ေဝဖန္ ေျပာဆိုၿပီးေနာက္ ပီတာဆန္က ရာထူးကေန ႏုတ္ထြက္ခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

သူရဲဘောကြောင်တယ်လို့ အပြောခံရတဲ့ ရဲအရာရှိက ခုခံကာကွယ် ပြောဆို

ဖလော်ရီဒါ အထက်တန်းကျောင်းမှာ ၁၇ ဦး သေဆုံးတဲ့ ပစ်ခတ်မှုအတွင်း တာဝန်ကျ ရဲအရာရှိက ဘာမှ လုပ်ဆောင်မှု မရှိတဲ့အပေါ် သမ္မတ ဒေါ်နယ် ထရမ့်က သူရဲဘောကြောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရဲအရာရှိ စကောက် ပီတာဆန်က ပစ်ခတ်မှုဟာ ကျောင်းပြင်ပမှာ ဖြစ်နေတယ်လို့ ထင်တာကြောင့် ဘာမှ မလုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ခုခံကာကွယ် ပြောဆိုပါတယ်။

ရဲအရာရှိ စကောက် ပီတာဆန်ဟာ မဂျော်ရတီ စတုန်းမန်း ဒေါက်ဂလပ် အထက်တန်းကျောင်းထဲမှာ ပစ်ခတ်မှုဖြစ်စဉ် ပစ်ခတ်မှုက အပြင်မှာ ဖြစ်နေတယ်လို့ ထင်တာကြောင့် ဘာမှ မလုပ်ခဲ့တာလို့ ပီတာဆန်ရဲ့ ရှေ့နေ ဂျိုးဇက် ဒီရက်ဇ်ဇိုက ပြောပါတယ်။

ဘရောဝါ့ဒ် စီရင်စု ရဲအရာရှိ စကောက် အစ္စရီယယ်က ပီတာဆန်ကို ဝေဖန် ပြောဆိုပြီးနောက် ပီတာဆန်က ရာထူးကနေ နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)