
0
844




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကက်ဘိနက်မှာ အပြောင်းအလဲ လုပ်မယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်း ပြော

လူငယ်မျိုးဆက်သစ်တွေကို နေရာပိုပေးပြီး လာမယ့်လမှာ ကက်ဘိနက်အတွင်း အပြောင်းအလဲလုပ်မယ်လို့ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

လာမယ့် ၂ နှစ်အတွင်း အနားယူမယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောထားပြီး စင်ကာပူ ရွေးကောက်ပွဲကို ၂၀၂၁ မှာ ကျင်းပဖို့ရှိပါတယ်။ သူ့ကို ဆက်ခံမယ့်သူက ကက်ဘိနက် အဖွဲ့ဝင်ထဲကပဲ ဖြစ်မယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

ကက်ဘိနက်ထဲမှာ လူငယ်တွေကို နေရာပေးမယ်၊ ဒီနည်းအားဖြင့် အတွေ့အကြုံများပြီး စင်ကာပူအတွက် ပိုကောင်းမွန်မယ့် ဆက်ခံသူကို ရွေးချယ်နိုင်မယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)