ေျမာက္ကိုရီးယားဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ အၿငိမ္းစားယူမယ္

0
889

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ေျမာက္ကိုရီးယား မူဝါဒဆိုင္ရာ အထူးကိုယ္စားလွယ္ ဂ်ိဳးဇက္ ယြန္းဟာ ကိုယ္ေရးကိုယ္တာ ကိစၥေတြေၾကာင့္ အနားယူဖို႔ ျပင္ဆင္ေနပါတယ္။

ၿပံဳယမ္းအစိုးရက ဝါရွင္တန္နဲပ ေဆြးေႏြးေျပာဆိုမယ့္ အရိပ္လကၡဏာ ရွိေနစဥ္ အခုလို ဂ်ိဳးဇက္ ယြန္း အနားယူမယ္ဆိုၿပီး သတင္းထြက္ေပၚလာတာ ျဖစ္ပါတယ္။ မစၥတာ ယြန္းဟာ သမၼတ အိုဘားမားလက္ထက္ ၂၀၁၆ ခုႏွစ္ကတည္း ေျမာက္ကိုရီးယား မူဝါဒဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။

မစၥတာ ယြန္းဟာ မႏွစ္က ဇြန္လမွာ အေမရိကန္ ေက်ာင္းသား ေအာ္တို ဝမ္ဘီယာ လြတ္ေျမာက္ေရးအတြက္ ေနာဆံုးအႀကိမ္အျဖစ္ ေျမာက္ကိုရီးယားကို သြားခဲ့ပါတယ္။ ဒါေပမယ့္ ဝမ္ဘီယာဟာ အေမရိကန္ကို ျပန္ေရာက္ၿပီးေနာက္ ေသဆံုးခဲ့လို႔ ဝါရွင္တန္နဲ႔ ၿပံဳယမ္းၾကား ဆက္ဆံေရး တင္းမာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် အငြိမ်းစားယူမယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် ဂျိုးဇက် ယွန်းဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် အနားယူဖို့ ပြင်ဆင်နေပါတယ်။

ပြုံယမ်းအစိုးရက ဝါရှင်တန်နဲပ ဆွေးနွေးပြောဆိုမယ့် အရိပ်လက္ခဏာ ရှိနေစဉ် အခုလို ဂျိုးဇက် ယွန်း အနားယူမယ်ဆိုပြီး သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မစ္စတာ ယွန်းဟာ သမ္မတ အိုဘားမားလက်ထက် ၂၀၁၆ ခုနှစ်ကတည်း မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

မစ္စတာ ယွန်းဟာ မနှစ်က ဇွန်လမှာ အမေရိကန် ကျောင်းသား အော်တို ဝမ်ဘီယာ လွတ်မြောက်ရေးအတွက် နောဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို သွားခဲ့ပါတယ်။ ဒါပေမယ့် ဝမ်ဘီယာဟာ အမေရိကန်ကို ပြန်ရောက်ပြီးနောက် သေဆုံးခဲ့လို့ ဝါရှင်တန်နဲ့ ပြုံယမ်းကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)