ဆီးရီးယားမွာ ဓာတ္ေငြ႔နဲ႔ တိုက္ခိုက္တယ္လို႔ က်န္းမာေရးအဖြဲ႔ေတြ ေျပာ

0
270

ဆီးရီးယားႏိုင္ငံ၊ ဒမတ္စကတ္ၿမိဳ႕အနီး သူပုန္ေတြပုန္းေအာင္းေနတဲ့ ဂိုအူတာခ႐ိုင္ အေရွ႕ပိုင္းမွာ မေန႔ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ကလိုရင္း ဓာတ္ေငြ႔နဲ႔ တုိက္ခိုက္ခံရလုိ႔ ကေလးငယ္တစ္ဦး ေသဆံုးခဲ့ၿပီး လူေပါင္းမ်ားစြာလည္း ဓာတ္ေငြ႔ အက်ိဳးဆက္ကို ခံစားခဲ့ရတယ္လို႔ က်န္းမာေရးအဖြဲ႔ေတြက သတင္း ထုတ္ျပန္ပါတယ္။

ကုလသမဂၢကေတာ့ ဆီးရီးယားမွာ ရက္ ၃၀ အပစ္အခတ္ရပ္စဲဖို႔ ေတာင္းဆိုထားပါတယ္။ သူပုန္ေတြ ေျခကုပ္ယူထားတဲ့ ေနရာကို အစိုးရညြန္႔ေပါင္း တပ္ဖြဲ႔ေတြက ေလေၾကာင္းတုိက္ခိုက္မႈေတြ ဆက္တုိက္ ျပဳလုပ္ေနၿပီး ဓာတု ဓာတ္ေငြ႔ေတြနဲ႔လည္း တုိက္ခိုက္ခဲ့တယ္လုိ႔ ေဒသခံ ဆရာဝန္ေတြက ေျပာပါတယ္။

အရပ္သားေတြဟာ ကလိုရင္းဓာတ္ေငြ႔နဲ႔ ထိေတြ႔ခဲ့ရမႈေၾကာင့္ ေရာဂါလကၡဏာေတြ ခံစားေနရတဲ့ ႐ုပ္သံဖိုင္ေတြကို ဆီးရီးယား-အေမရိကန္ ေဆးဘက္ဆိုင္ရာ အဖြဲ႔အစည္းေတြက ထုတ္ေဖာ္ထားပါတယ္။

ဆီးရီးယား အစိုးရကေတာ့ ဓာတုလက္နက္ အသံုးျပဳမႈ မရွိဘူးလုိ႔ ျငင္းဆုိထားပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြကလည္း ဆီးရီးယားအစိုးရဟာ ကလိုရင္း ဓာတ္ေငြ႔ သံုးျပဳမႈအျပင္ တျခားဓာတ္ေငြ႔ေတြနဲ႔ တိုက္ခိုက္တာေတြလည္း ရွိခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားမှာ ဓာတ်ငွေ့နဲ့ တိုက်ခိုက်တယ်လို့ ကျန်းမာရေးအဖွဲ့တွေ ပြော

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့အနီး သူပုန်တွေပုန်းအောင်းနေတဲ့ ဂိုအူတာခရိုင် အရှေ့ပိုင်းမှာ မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကလိုရင်း ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူပေါင်းများစွာလည်း ဓာတ်ငွေ့ အကျိုးဆက်ကို ခံစားခဲ့ရတယ်လို့ ကျန်းမာရေးအဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂကတော့ ဆီးရီးယားမှာ ရက် ၃၀ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားပါတယ်။ သူပုန်တွေ ခြေကုပ်ယူထားတဲ့ နေရာကို အစိုးရညွန့်ပေါင်း တပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ဓာတု ဓာတ်ငွေ့တွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ဆရာဝန်တွေက ပြောပါတယ်။

အရပ်သားတွေဟာ ကလိုရင်းဓာတ်ငွေ့နဲ့ ထိတွေ့ခဲ့ရမှုကြောင့် ရောဂါလက္ခဏာတွေ ခံစားနေရတဲ့ ရုပ်သံဖိုင်တွေကို ဆီးရီးယား-အမေရိကန် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ဖော်ထားပါတယ်။

ဆီးရီးယား အစိုးရကတော့ ဓာတုလက်နက် အသုံးပြုမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း ဆီးရီးယားအစိုးရဟာ ကလိုရင်း ဓာတ်ငွေ့ သုံးပြုမှုအပြင် တခြားဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)