စမတ္ဖုန္းေတြမွာ ကင္မရာက အဓိက ျဖစ္တယ္လို႔ ဆမ္ေဆာင္ အႀကီးအကဲ ေျပာ

0
885

သံုးစြဲသူေတြရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ ဆမ္ေဆာင္ ေနာက္ဆံုးထုတ္ ဖုန္းေတြမွာ ကင္မရာ လုပ္ေဆာင္ခ်က္ေတြကို အဓိကထားတယ္လို႔ ဆမ္ေဆာင္ ၿဗိတိန္နဲ႔ အိုင္ယာလန္ ဒုတိယ ဥကၠ႒ ကိုနာ ပီယာ့စ္က ေျပာပါတယ္။

ဂလက္စီ S9 နဲ႔ S9+ ေတြမွာ ကင္မရာေတြ အဆင့္ျမွင့္ထားေၾကာင္းနဲ႔ လူေတြက စမတ္ဖုန္းေတြကို ဖုန္းေျပာဖို႔ထက္ ဓာတ္ပံု႐ိုက္တဲ့ေနရာမွာ ပိုသံုးေနတယ္လို႔ မစၥတာ ပီယာ့စ္က ေျပာပါတယ္။ စပိန္ႏိုင္ငံ၊ ဘာစီလိုနာမွာ က်င္းပတဲ့ မိုဘိုင္း ကမာၻ႔ ကြန္ဂရက္မွာ ေတာင္ကိုရီးယား အေျခစိုက္ ဆမ္ေဆာင္က စမတ္ဖုန္းသစ္ ၂ မ်ိဳးကို ျပသမိတ္ဆက္ခဲ့ပါတယ္။

ဖုန္းအသစ္ေတြဟာ သာလြန္ေကာင္းမြန္တဲ့ အပါခ်ာစနစ္၊ အလင္းေရာင္နဲ႔ အေမွာင္ၾကား အလိုအေလ်ာက္ ေျပာင္းလဲေပးႏိုင္တဲ့စနစ္၊ ပံုေတြကို ပိုမိုရွင္းလင္းျပတ္သားေစမယ့္ နည္းပညာေတြ ထည့္သြင္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

စမတ်ဖုန်းတွေမှာ ကင်မရာက အဓိက ဖြစ်တယ်လို့ ဆမ်ဆောင် အကြီးအကဲ ပြော

သုံးစွဲသူတွေရဲ့ တောင်းဆိုချက်ကြောင့် ဆမ်ဆောင် နောက်ဆုံးထုတ် ဖုန်းတွေမှာ ကင်မရာ လုပ်ဆောင်ချက်တွေကို အဓိကထားတယ်လို့ ဆမ်ဆောင် ဗြိတိန်နဲ့ အိုင်ယာလန် ဒုတိယ ဥက္ကဋ္ဌ ကိုနာ ပီယာ့စ်က ပြောပါတယ်။

ဂလက်စီ S9 နဲ့ S9+ တွေမှာ ကင်မရာတွေ အဆင့်မြှင့်ထားကြောင်းနဲ့ လူတွေက စမတ်ဖုန်းတွေကို ဖုန်းပြောဖို့ထက် ဓာတ်ပုံရိုက်တဲ့နေရာမှာ ပိုသုံးနေတယ်လို့ မစ္စတာ ပီယာ့စ်က ပြောပါတယ်။ စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ ကျင်းပတဲ့ မိုဘိုင်း ကမ္ဘာ့ ကွန်ဂရက်မှာ တောင်ကိုရီးယား အခြေစိုက် ဆမ်ဆောင်က စမတ်ဖုန်းသစ် ၂ မျိုးကို ပြသမိတ်ဆက်ခဲ့ပါတယ်။

ဖုန်းအသစ်တွေဟာ သာလွန်ကောင်းမွန်တဲ့ အပါချာစနစ်၊ အလင်းရောင်နဲ့ အမှောင်ကြား အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့စနစ်၊ ပုံတွေကို ပိုမိုရှင်းလင်းပြတ်သားစေမယ့် နည်းပညာတွေ ထည့်သွင်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)