သူနာျပဳ အေလးေပးေရး လႈပ္ရွားမႈ ကိတ္ စတင္

0
853

မင္းသား ဝီလ်ံရဲ႕ ၾကင္ယာေတာ္ ကိန္းဘရစ္ခ်္ ၿမိဳ႕စားဘြဲ႔ရ ကိတ္က ကမာၻတလႊား သူနာျပဳလုပ္ငန္းကို အေလးေပးေရး လႈပ္ရွားလံႈ႔ေဆာ္မႈကို စတင္လိုက္ပါတယ္။

၃ ႏွစ္ၾကာ လုပ္ေဆာင္မယ့္ Nursing Now လႈပ္ရွားမႈမွာ ေဆး႐ံုေတြကို သြားေရာက္ လည္ပတ္တာ၊ ႏိုင္ငံအသီးသီးက လာေရာက္လုပ္ကိုင္တဲ့ သူနာျပဳေတြနဲ႔ စကားေျပာဆို ေဆြးေႏြးတာေတြ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

Nursing Now လႈပ္ရွားမႈက သူနာျပဳေတြကို က်န္းမာေရး မူဝါဒ ခ်မွတ္မႈမွာ အဓိက အခန္းက ပါဝင္လာေစေရး၊ ဒီေန႔ေခတ္ က်န္းမာေရး က႑က စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ အကူအညီေပးေရးအတြက္ ရည္ရြယ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

သူနာပြု အလေးပေးရေး လှုပ်ရှားမှု ကိတ် စတင်

မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကိန်းဘရစ်ချ် မြို့စားဘွဲ့ရ ကိတ်က ကမ္ဘာတလွှား သူနာပြုလုပ်ငန်းကို အလေးပေးရေး လှုပ်ရှားလှုံ့ဆော်မှုကို စတင်လိုက်ပါတယ်။

၃ နှစ်ကြာ လုပ်ဆောင်မယ့် Nursing Now လှုပ်ရှားမှုမှာ ဆေးရုံတွေကို သွားရောက် လည်ပတ်တာ၊ နိုင်ငံအသီးသီးက လာရောက်လုပ်ကိုင်တဲ့ သူနာပြုတွေနဲ့ စကားပြောဆို ဆွေးနွေးတာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Nursing Now လှုပ်ရှားမှုက သူနာပြုတွေကို ကျန်းမာရေး မူဝါဒ ချမှတ်မှုမှာ အဓိက အခန်းက ပါဝင်လာစေရေး၊ ဒီနေ့ခေတ် ကျန်းမာရေး ကဏ္ဍက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အကူအညီပေးရေးအတွက် ရည်ရွယ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)