စစ္တပ္အႀကီးအကဲကို ေဆာ္ဒီဘုရင္ ျဖဳတ္ခ်

0
892

 စစ္တပ္အႀကီးအကဲနဲ႔ တျခား ထိပ္တန္း တပ္မႉးေတြကို ေဆာ္ဒီအာေရဗ် ဘုရင္က ျဖဳတ္ခ်လိုက္တဲ့အတြက္ ေဆာ္ဒီ စစ္တပ္အတြင္းမွာ ႐ိုက္ခတ္မႈေတြ ျဖစ္ပြားေနပါတယ္။

ေျမျပင္တပ္ဖြဲ႔၊ ေလတပ္အႀကီးအကဲနဲ႔ ျပည္ထဲေရး ဝန္ႀကီးဌာနက အရာရွိေတြကို ေဆာ္ဒီဘုရင္က အစားထိုးလိုက္တာ ျဖစ္ပါတယ္။ စစ္တပ္အႀကီးအကဲေတြကို ျဖဳတ္ခ်မႈနဲ႔ ပတ္သက္ၿပီး အေၾကာင္းျပခ်က္ ေပးတာ မရွိေပမယ့္ ယီမင္မွာ ေဆာ္ဒီဦးေဆာင္တဲ့ ညြန္႔ေပါင္းအဖြဲ႔ေတြ စစ္ေရးစြက္ဖက္မႈနဲ႔ သက္ဆိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။

စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အဗၺဒူ ရာမန္ ဘင္ ဆယ္လက္ အယ္လ္ ဘြန္ယန္ကို ရာထူးကေန ရပ္ဆိုင္းလိုက္ေၾကာင္းနဲ႔ ေဖယက္ အယ္လ္ ႐ူးေဝလီကို အစားထိုး ခန္႔အပ္ေၾကာင္း ေဆာ္ဒီ ပရက္စ္ ေအဂ်င္စီက ေၾကညာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တပ်အကြီးအကဲကို ဆော်ဒီဘုရင် ဖြုတ်ချ

စစ်တပ်အကြီးအကဲနဲ့ တခြား ထိပ်တန်း တပ်မှူးတွေကို ဆော်ဒီအာရေဗျ ဘုရင်က ဖြုတ်ချလိုက်တဲ့အတွက် ဆော်ဒီ စစ်တပ်အတွင်းမှာ ရိုက်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

မြေပြင်တပ်ဖွဲ့၊ လေတပ်အကြီးအကဲနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အရာရှိတွေကို ဆော်ဒီဘုရင်က အစားထိုးလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်အကြီးအကဲတွေကို ဖြုတ်ချမှုနဲ့ ပတ်သက်ပြီး အကြောင်းပြချက် ပေးတာ မရှိပေမယ့် ယီမင်မှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေ စစ်ရေးစွက်ဖက်မှုနဲ့ သက်ဆိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူ ရာမန် ဘင် ဆယ်လက် အယ်လ် ဘွန်ယန်ကို ရာထူးကနေ ရပ်ဆိုင်းလိုက်ကြောင်းနဲ့ ဖေယက် အယ်လ် ရူးဝေလီကို အစားထိုး ခန့်အပ်ကြောင်း ဆော်ဒီ ပရက်စ် အေဂျင်စီက ကြေညာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)