ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကို လီဝမ်ဒေါ့စကီး လိုက်မီ

0
21

ရှော်ကေးကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဂျာမနီ ဂန္တဝင်ကစားသမားဟောင်း ဂတ်မူလာ ရရှိထားတဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ရှော်ကေးကို ၅ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန် ၉ မိနစ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ရာ ဘွန်ဒက်လီဂါပြိုင်ပွဲ ပွဲစဉ် ၁၉ ပွဲမှာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂတ်မူလာ စံချိန်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၂-၇၃ ခုနှစ်က တိုက်စစ်မှူးဟောင်း ဂတ်မူလာ နောက်ပိုင်း လီဝမ်ဒေါ့စကီးဟာ ဘွန်ဒက်လီဂါပြိုင်ပွဲ ပွဲစဉ် ၁၉ ပွဲမှာ ၂၁ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အသကြ ၃၁ နှဈအရှယရြှိ လီဝမဒြေါ့စကီးဟာ ဘိုငယြနမြှူးနဈအသငြးကို ၂၀၁၄ ခုနှဈက ပှောငြးရှှေ့လာခဲ့ပှီး အသငြးအတှကြ ၁၇၈ ပှဲမှာ ဂိုးပေါငြး ၁၄၉ ဂိုး သှငြးယူပေးထားသူ ဖှဈပါတယြ။ ဘိုငယြနမြှူးနဈ အသငြးဟာ ရှောကြေးကို ဂိုးပှတအြနိုငရြတဲ့အတှကြ အမှတပြေးပှိုငပြှဲပှဲစဉြ ၁၉ ပှဲ ပှီးခွိနမြှာ ရမှတြ ၃၉ မှတနြဲ့ အမှတပြေးဇယား ဒုတိယနရောမှာ ရပတြညနြပေါတယြ။

ဂတျမူလာရဲ့ ဂိုးသှငျးစံခြိနျကို လီဝမျဒေါ့စကီး လိုကျမီ 

ရှော်ကေးကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဂျာမနီ ဂန္တဝင်ကစားသမားဟောင်း ဂတ်မူလာ ရရှိထားတဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ 

ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ရှော်ကေးကို ၅ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန် ၉ မိနစ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ရာ ဘွန်ဒက်လီဂါပြိုင်ပွဲ ပွဲစဉ် ၁၉ ပွဲမှာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂတ်မူလာ စံချိန်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၂-၇၃ ခုနှစ်က တိုက်စစ်မှူးဟောင်း ဂတ်မူလာ နောက်ပိုင်း လီဝမ်ဒေါ့စကီးဟာ ဘွန်ဒက်လီဂါပြိုင်ပွဲ ပွဲစဉ် ၁၉ ပွဲမှာ ၂၁ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ 

အသက် ၃၁ နှစ်အရွယ်ရှိ လီဝမ်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၁၇၈ ပွဲမှာ ဂိုးပေါင်း ၁၄၉ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ရှော်ကေးကို ဂိုးပြတ်အနိုင်ရတဲ့အတွက် အမှတ်ပေးပြိုင်ပွဲပွဲစဉ် ၁၉ ပွဲ ပြီးချိန်မှာ ရမှတ် ၃၉ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။