
0
2251




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖဂ္ဂနစ္စတန် မှာ ကားဗုံးပေါက် ၁၇ ဦးသေဆုံး ၁၁၀ ဒဏ်ရာရ

အာဖဂ္ဂနစ္စတန်မြို့တော်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၇ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀ ဦး ရှိခဲ့ပါတယ်။

ကားဗုံးပေါက်ကွဲမှုဟာ အစိုးရအဆောက်အဦးတွေ နဲ့ နိုင်ငံခြားသံရုံးတွေ ရှိတဲ့ အနီး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ တပတ်က Intercontinental Hotel တိုက်ခိုက်မှုအပြီး ထပ်မံတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာမသိရသေးဘဲ Intercontinental Hotel တိုက်ခိုက်ခံခဲ့ရ တုန်းက သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ တာလီဘန်တွေက ကြေငြာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)