
0
2202






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ရွေးကောက်ပွဲ ယှဉ်ပြိုင်မှ ဟောင်ကောင် ပိတ်ပင်

ဟောင်ကောင်အစိုးရ ဟာ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားတဲ့လူငယ်တွေကို လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုကနေ ပိတ်ပင်မှုတွေလုပ်ခဲ့ပါတယ်။
ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားတဲ့လူငယ်တွေ ဟာ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့စီစဉ်မှုတွေရှိခဲ့ရာ အဲဒီလိုမျိုးလုပ်ဆောင်တာ ဟာ ရွေးကောက်ပွဲ ဥပဒေကိုချိုးဖောက်တာကို ဟောင်ကောင်အစိုးရ ကပြောပါတယ်။
အမျိုးသမီးအမည်စာရင်းတင်သွင်းတာ ဟာ ဥပဒေအရအကျုံးမဝင်ဘူးလို့ ဟောင်ကောင်အစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်အမျိုးသမီးဖြစ်သူ Agnes Chow ဟာ လာမယ့်မတ်လမှာကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်းသွင်းခဲ့ပေမယ့် ဟောင်ကောင်အစိုးရ က ဟောင်ကောင် ရဲ့အခြေခံဥပဒေဖွဲ့စည်းပုံကိုချိုးဖောက်မှုတွေရှိခဲ့တာကြောင့် ကိုယ်စားလှယ်လောင်းမဖြစ်သင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
Agnes Chow ဟာ ၂၀၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ဟောင်ကောင် မြို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု မှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူကိုရွေးကောက်ပွဲ မဝင်စေဖို့ ဟောင်ကောင်ကို တရုတ်အစိုးရဖိအားပေးတာတွေရှိနေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)