
0
2116




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒူဘိုင်းမှာ ကမ္ဘာ့အကြီးဆုံး လက်ဖက်ရည်ခွက်ကြီး ဖန်တီးပြီး ဂင်းနစ်စံချိန်တင်

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကမ္ဘာ့အကြီးမားဆုံး လက်ဖက် ရည်ခွက်ကြီးကို ဖန်တီးခဲ့ပြီး ဂင်းနစ်စံချိန် ရရှိအောင်ကြိုးပမ်းခဲ့ကြပါတယ်။

အဲ့ဒီအတွက် စာဖိုးမှူး ၁၂၀ က ပူးပေါင်းဖန်တီးခဲ့ကြပြီး လက်ဖက်ရည်ခွက်ရဲ့ အမြင့်ဟာ ၃.၆၆ မီတာ အချင်း ၁.၄ မီတာရှိပါတယ်။ အဲ့ဒီလက်ဖက်ရည်ခွက်ကြီးဟာ လက်ဖက်ရည် ၅၀ဝ၀ လီတာ ဆန့်တဲ့ ကမ္ဘာ့အကြီးမားဆုံး လက်ဖက်ရည်ခွက်ကြီး အဖြစ် ဂင်းနစ်စံချိန်ကိုလည်း ရရှိခဲ့ကြပါတယ်။

အဲ့ဒီကြီးမားတဲ့ လက်ဖက်ရည်ခွက်ကြီးထဲကို ဖြည့်ဖို့ လက်ဖက်ခြောက်အမှုန့် ၁၅၅ ကီလိုဂရမ် ၊ နို့မှုန့် ၂၇၀ ကီလိုဂရမ် ၊ သကြား နဲ့ တခြားပစ္စည်း ၃၆၀ ကီလိုဂရမ် ထည့်သွင်း ပေါင်းစပ်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)