ရုရွားအစိုးရ တာဝန္ရွိသူ ၂၁ ဦးကိုအေမရိကန္ အမည္ပ်က္စာရင္းသြင္းပိတ္ဆုိ႔

0
2194

အေမရိကန္ ႏုိင္ငံ ဟာ  ရုရွားအစိုးရ တာဝန္ရွိသူေတြနဲ႔ စြမ္းအင္ကုမၸဏီေတြကို  အမည္ပ်က္စာရင္းသြင္းကာ ပိတ္ဆို႔မႈေတြလုပ္လုိက္ပါတယ္။

ဘ႑ေရးဝန္ႀကီးဌာနက  ဇန္နဝါရီ ၂၆ ရက္ေန႔ကရုရွားအစိုးရတာဝန္ရွိသူ ၂၁ ဦးနဲ႔ ကုမၸဏီ ၉ ခုကို ပိတ္ဆုိ႔မႈ စာရင္းသြင္းခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

 အေမရိကန္ ကပိတ္ဆုိ႔မႈ စာရင္းသြင္းခဲ့သူစာရင္းထဲမွာရုရွား စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး Andrey Cherezov, ပါဝင္ခဲ့ၿပီး   ၄င္း ဟာ ၿပီးခဲ့တဲ့ ႏွစ္က   ခရိုင္းမီးယားေဒသဆီ စြမ္းအင္ပို႔လြတ္မႈနဲ႔ ပတ္သက္လို႔ အဓိက အခန္း႑မွာ ပါဝင္ခဲ့လို႔ အမည္ပ်က္စာရင္းသြင္းခံရတာျဖစ္ပါတယ္။

ရုရွားႏုိင္ငံအေပၚ ခ်မွတ္ထားတဲ့အေမရိကန္ ျပစ္ဒဏ္ေပးမႈေတြကိုအေသးစိတ္မထုတ္ျပန္ခင္ ရက္ပိုင္းအလုိမွာပဲ အခုလိုမ်ိဳး ရုရွား အ စိုးရတာဝန္ရွိသူေတြနဲ႔  ကုမၸဏီေတြကို  ပိတ္ဆုိ႔မႈခ်မွတ္လိုက္တယ္လို႔မီဒီယာေတြကေဖာ္ျပပါတယ္။

၂၀၁၆ ခုႏွစ္ကက်င္းပခဲတဲ့ အေမရိကန္ ေရြးေကာက္ပြဲမွာ ရုရွားႏုိင္ငံက ၾကားဝင္ စြက္ဖက္မႈေတြနဲ႔ ပတ္သက္လို႔  ရုရွားႏုိင္ငံအေပၚအေမရိကန္ က ထပ္မံ ပိတ္ဆုိ႔မႈေတြလုပ္ဖြယ္ရွိေနတယ္လုိ႔  မီဒီယာေတြကေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားအစိုးရ တာဝန်ရှိသူ ၂၁ ဦးကိုအမေရိကန် အမည်ပျက်စာရင်းသွင်းပိတ်ဆို့
အမေရိကန် နိုင်ငံ ဟာ ရုရှားအစိုးရ တာဝန်ရှိသူတွေနဲ့ စွမ်းအင်ကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းကာ ပိတ်ဆို့မှုတွေလုပ်လိုက်ပါတယ်။
ဘဏ္ဍရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်နေ့ကရုရှားအစိုးရတာဝန်ရှိသူ ၂၁ ဦးနဲ့ ကုမ္ပဏီ ၉ ခုကို ပိတ်ဆို့မှု စာရင်းသွင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန် ကပိတ်ဆို့မှု စာရင်းသွင်းခဲ့သူစာရင်းထဲမှာရုရှား စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Andrey Cherezov, ပါဝင်ခဲ့ပြီး ၄င်း ဟာ ပြီးခဲ့တဲ့ နှစ်က ခရိုင်းမီးယားဒေသဆီ စွမ်းအင်ပို့လွတ်မှုနဲ့ ပတ်သက်လို့ အဓိက အခန်းဏ္ဍမှာ ပါဝင်ခဲ့လို့ အမည်ပျက်စာရင်းသွင်းခံရတာဖြစ်ပါတယ်။
ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့အမေရိကန် ပြစ်ဒဏ်ပေးမှုတွေကိုအသေးစိတ်မထုတ်ပြန်ခင် ရက်ပိုင်းအလိုမှာပဲ အခုလိုမျိုး ရုရှား အ စိုးရတာဝန်ရှိသူတွေနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့မှုချမှတ်လိုက်တယ်လို့မီဒီယာတွေကဖော်ပြပါတယ်။
၂၀၁၆ ခုနှစ်ကကျင်းပခဲတဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ကြားဝင် စွက်ဖက်မှုတွေနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံအပေါ်အမေရိကန် က ထပ်မံ ပိတ်ဆို့မှုတွေလုပ်ဖွယ်ရှိနေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)