
0
2224

 





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်နယ်ထရမ့် နဲ့ သံအမတ်ကြီး နီကီဟာလေးကြား ချစ်သူပုံစံမျိုးရင်းနှီးတဲ့ ဆက်ဆံရေးရှိနေလို့ သတင်းထွက်
ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်ကြီး နီကီဟာလေးက သူအနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ချစ်သူတွေပုံစံမျိုး အရင်းရင်းနှီးကျွမ်းဝင်မှုတွေရှိနေတယ်ဆို တာတွေကမှန်ကန်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။

နီကီဟာလေးက ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေ ဟာ မှန်ကန်မှုမရှိဘဲ ဝေဖန်တိုက်ခိုက်မှုတွေသာဖြစ်ကာ အဆင့်မြင့်ရုံးတွေ မှာ တာဝန်ထမ်းဆောင်နေတဲ့အမျိုးသမီး မှန်သမျှ ရင်ဆိုင်နေရတဲ့ ပြသာနာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

မကြာသေးမီ က ဒေါ်နယ်ထရမ့်နဲ့ နီကီဟာလေးတို့ ရဲ့ပုံတွေ ဟာအွန်လိုင်းမှာပျံနှံခဲ့ပြီးသူတို့ နှစ်ဦးဆက်ဆံရေး ဟာသာမန်ထက်ပိုနေတယ်လို့ စွပ်စွဲမှုတွေရှိနေခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် ဟာ အဓိ က စဉ်းစားရမယ့်အကြောင်းတွေမှာ သံအမတ်ကြီးနီကီဟာလေးနဲ့အတူ အ ချိန် ကုန်ဆုံးမှုတွေရှိတယ်ဆိုတဲ့ ရေးသားထားတဲ့စာအုပ်တွေလည်းထွက်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)