တုိက်ိဳၿမိဳ႕မွာ ႏွစ္ေပါင္း ၅၀ နီးပါးအတြင္းအေအးစံခ်ိန္တင္ခဲ့

0
2333

ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမဳိ႕မွာ ၄၈ ႏွစ္အတြင္း အေအးဆုံးေန႕အျဖစ္ ဇန္နဝါရီ ၂၅ ရက္  က ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမဳိ႕မွာ ၄၈ ႏွစ္အတြင္း အေအးဆုံးေန႕အျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

တိုက်ဳိၿမဳိ႕လယ္မွာ မနက္မပုိင္းအပူခ်ိန္ဟာ အႏုတ္ ၄ ဒီဂရီစင္တီဂရိအထိ က်ဆင္းခဲ့ၿပီး ဂ်ပန္ႏုိင္ငံရဲ႕ ေနရာအမ်ားအျပားမွာ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ အေအးပုိလာခဲ့ပါတယ္။

တုိက်ဳိၿမဳိ႕လယ္မွာ ျဖစ္ခဲ့တဲ့ အပူခ်ိန္က်ဆင္းမႈဟာ ၁၉၇၀ ခုႏွစ္ ဇန္နဝါရီလ ေနာက္ပုိင္းမွာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

တုိက်ဳိၿမဳိ႕ ဆင္ေျခဖုံး႐ွိ ဖူခ်ဴၿမဳိ႕မွာ အပူခ်ိန္ဟာ အႏုတ္ ၈.၄ ဒီဂရီစင္တီဂရိတ္အထိ စံခ်ိန္တင္က်ဆင္းခဲ့ပါတယ္။

လာမယ့္ သီတင္းပတ္ကုန္အထိ ရာသီဥတု ဆက္လက္ေအးေနမယ္လုိ႕လည္း ခန္႕မွန္းထားပါတယ္။

ဂ်ပန္မုိးေလဝသဌာန က ဇန္နဝါရီ ၂၇ ရက္မွာ  တုိက်ဳိၿမဳိ႕ အပူခ်ိန္ဟာ အႏုတ္ ၄ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းေနမယ္လို႔ခန္႔မွန္းထားပါတယ္။

တုိက်ဳိမွာ ယခုသီတင္းပတ္ အေစာပုိင္းကလည္း ေလးႏွစ္အတြင္း ပထမဆုံးအႀကိမ္ အႀကီးမားဆုံး ႏွင္းမုန္တုိင္း က်ေရာက္မႈေၾကာင့္ ကားလမ္းအခ်ဳိ႕ ပိတ္ခဲ့ရၿပီး ရထားနဲ႕ ေလေၾကာင္းခရီးစဥ္မ်ား ဖ်က္သိမ္းခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုကျိုမြို့မှာ နှစ်ပေါင်း ၅၀ နီးပါးအတွင်းအအေးစံချိန်တင်ခဲ့

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၄၈ နှစ်အတွင်း အအေးဆုံးနေ့အဖြစ် ဇန်နဝါရီ ၂၅ ရက် က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၄၈ နှစ်အတွင်း အအေးဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။
တိုကျိုမြို့လယ်မှာ မနက်မပိုင်းအပူချိန်ဟာ အနုတ် ၄ ဒီဂရီစင်တီဂရိအထိ ကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နေရာအများအပြားမှာ လေဖိအားနည်းရပ်ဝန်းကြောင့် အအေးပိုလာခဲ့ပါတယ်။
တိုကျိုမြို့လယ်မှာ ဖြစ်ခဲ့တဲ့ အပူချိန်ကျဆင်းမှုဟာ ၁၉၇၀ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
တိုကျိုမြို့ ဆင်ခြေဖုံးရှိ ဖူချူမြို့မှာ အပူချိန်ဟာ အနုတ် ၈.၄ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ကျဆင်းခဲ့ပါတယ်။
လာမယ့် သီတင်းပတ်ကုန်အထိ ရာသီဥတု ဆက်လက်အေးနေမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဂျပန်မိုးလေဝသဌာန က ဇန်နဝါရီ ၂၇ ရက်မှာ တိုကျိုမြို့ အပူချိန်ဟာ အနုတ် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနေမယ်လို့ခန့်မှန်းထားပါတယ်။
တိုကျိုမှာ ယခုသီတင်းပတ် အစောပိုင်းကလည်း လေးနှစ်အတွင်း ပထမဆုံးအကြိမ် အကြီးမားဆုံး နှင်းမုန်တိုင်း ကျရောက်မှုကြောင့် ကားလမ်းအချို့ ပိတ်ခဲ့ရပြီး ရထားနဲ့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)