
0
699





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်စစ်မှူး စီရော်နယ်ဒို ရီးရဲမက်ဒရစ်မှာ ဆက်နေလို

ရီးရဲမက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက အသင်းနဲ့ မြို့ကိုနှစ်သက်တာကြောင့် သူအနေနဲ့ ရီးရဲမက်ဒရစ် အသင်းမှာ ဆက်ဖို့လိုလားတယ်လို့ ပြောလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ စာချုပ်ကိစ္စအငြင်းပွားမှုတွေကြောင့် ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာဖို့လိုလားနေတယ်လို့ သတင်းတွေ ကျယ်ပြန့်စွာထွက်နေချိန်မှာ အ ခုလိုမျိုးပြောခဲ့တာပါ၊

တိုက်စစ်မှူးစီရော်နယ်ဒို ဟာ ရီးရဲမက်ဒရစ်အသင်းကနေ အသင်းဟောင်းမန်ယူအသင်း ကို ပြန်ပြောင်းရွှေဖို့ ချိတ်ဆက်ခံနေရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

စီရော်နယ်ဒို ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၁ ခုနှစ် အထိ ရှိနေပြီး စီရော်နယ်ဒို ဟာ စာချုပ်သစ်မှာတစ်နှစ်လုပ် ခ ယူရို ၅၀ သန်းရလိုနေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)