
0
2102





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသမီးများအပေါ် မဖွယ်မရာပြုမှုခဲ့လို့ ကနေဒါအားကစားဝန်ကြီး နုတ်ထွက်

ကနေဒါအားကစားဝန်ကြီးနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ Kent Hehrဟာ အမျိုးသမီးတွေအပေါ် မဖွယ်မရာပြုတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပြီးခဲတဲ့ ရက်ပိုင်းမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အားကစားဝန်ကြီးအပေါ် စွပ်စွဲထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ မသင့်လျော်တဲ့ မှတ်ချက်ပြု ပြောစကားကိုလည်း အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။
ကနေဒါဝန်ကြီးချုပ် ဟာ အားကစားဝန်ကြီးရဲ့နုတ်ထွက်စာကိုလက်ခံခဲ့ပြီးနောက် ရာထူးက နုတ်ထွက်တဲ့အကြောင်းကို တရားဝင်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အတိုက်အခံပါတီဖြစ်တဲ့ Progressive Conservative ပါတီရဲ့ အွန်တယ်ရီယိုပြည်နယ် ဥက္ကဋ္ဌဟာလည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)