ဆာမိုအာကျွန်းနိုင်ငံမှာ ဆိုးရွားတဲ့ ဝက်သက်ရောဂါ ဖြစ်၊ သေဆုံးတဲ့ကလေး ၃၀ ကျော်လာ

0
6

Unicode Version
ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ဆာမိုအာမှာ ဝက်သက်ရောဂါ ဖြစ်ပွားမှု ဆိုးရွားနေပြီး ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဝက်သက်ရောဂါနဲ့ သေဆုံးတဲ့ ကလေးငယ် ၃၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဝက်သက်ရောဂါ ဖြစ်ပွားမှု ၂၄၃၇ ခု ရှိနေပြီး သေဆုံးသူ ၂၈ ဦးဟာ အသက် ၄ နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ ဆာမိုအာ အစိုးရ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ဆာမိုအာ အစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားပြီး ကာကွယ်ဆေး နည်းပါးလွန်းတာကြောင့် ဆရာဝန်တွေက ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လုံးပမ်းနေရပါတယ်။

ကလေးတွေမှာ ဝက်သက်ရောဂါ ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်နဲ့ယှဉ်ရင် ၅ ဆ မြင့်တက်လာနေပြီး သေဆုံးမှုနှုန်းက ၃ ဆ မြင့်တက်လာပါတယ်။ အစိုးရက ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးမနေရ အစီအစဉ်ကို စတင်နေပါတယ်။ လူဦးရေ ၂ သိန်းရှိတဲ့ ဆာမိုအာ ကျွန်းနိုင်ငံမှာ လူ ၅၇၀၀၀ ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးပြီးပြီ ဖြစ်ကြောင်း၊ လူတိုင်း ကာကွယ်ဆေး ထိုးဖို့လိုကြောင်း ဆာမိုအာ ဝန်ကြီးချုပ် တူလေပါ မာလေလီဂါအီက ပြောပါတယ်။

Zawgyi Version