ဟောင်ကောင် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလားသူအုပ်စု အနိုင်ရ

0
15

Unicode Version

ဟောင်ကောင် ဒေသန္တရ ကောင်စီ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုဘက်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ နိုင်ငံရေး မတည်မငြိမ်မှုတွေ ဖြစ်နေတဲ့ကြားထဲမှာပဲ ဒီမိုကရေစီလိုလားသူ အုပ်စုဘက်က အခုလို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီ လိုလားတဲ့အုပ်စုဘက်က ကိုယ်စားလှယ်လောင်းတွေဟာ အမတ်နေရာ စုစုပေါင်း ၄၅၂ နေရာရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရယူသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ အခုလို မကြုံစဖူး အနိုင်ရမှုဟာ ဟောင်ကောင်မှာရှိတဲ့ ဘက်နှစ်ဘက်အကြားက အခြေအနေကို သိသိသာသာ ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားပါတယ်။



Zawgyi Version

ဟောင်ကောင် ဒေသန္တရ ကောင်စီ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုဘက်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ နိုင်ငံရေး မတည်မငြိမ်မှုတွေ ဖြစ်နေတဲ့ကြားထဲမှာပဲ ဒီမိုကရေစီလိုလားသူ အုပ်စုဘက်က အခုလို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီ လိုလားတဲ့အုပ်စုဘက်က ကိုယ်စားလှယ်လောင်းတွေဟာ အမတ်နေရာ စုစုပေါင်း ၄၅၂ နေရာရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရယူသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ အခုလို မကြုံစဖူး အနိုင်ရမှုဟာ ဟောင်ကောင်မှာရှိတဲ့ ဘက်နှစ်ဘက်အကြားက အခြေအနေကို သိသိသာသာ ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားပါတယ်။

ဒီဒေသန္တရ ကောင်စီ ရွေးကောက်ပွဲဟာ တိုးမြင့်လာနေတဲ့ အင်အားသုံးဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် လူထုရဲ့ သဘောဆန္ဒကို ခံယူလိုက်တလြည်း ဖြစ်ပါတယ်။ ဟောင်ကောင်ပြည်သူ ၃ သန်း နီးပါးလောက် မဲပေးခဲ့ကြတာဟာ မဲပေးမှုတွေမှာ အရေအတွက် အများဆုံးပဲ ဖြစ်ပါတယ်။