ဆိုမာလီမွာ အစြန္းေရာက္ေတြ သတ္လို႔ အစၥလာမ္ ေခါင္းေဆာင္နဲ႔ တပည့္ ၁၇ ဦး ေသ

0
595

ဆိုမာလီႏိုင္ငံေျမာက္ပိုင္း ဂယ္ကာယိုမွာ အစြန္းေရာက္ေတြ တိုက္ခိုက္လို႔ ထင္ရွားတဲ့ အစၥလာမ္ ဘာသာေရး ေခါင္းေဆာင္တစ္ဦးနဲ႔ တပည့္ အနည္းဆံုး ၁၇ ဦး ေသဆံုးသြားပါတယ္။

ဒီေန႔ ႏိုဝင္ဘာလ ၂၅ ရက္ေန႔ ဆူဖီ ဘာသာေရး အေဆာက္အဦးေနရာေရွ႕မွာ အေသခံဗံုးခြဲသူ ႏွစ္ဦးက ဗံုးေပါက္ခြဲတာ၊ အစြန္းေရာက္သမား ေလးဦးက အေဆာက္အဦးအတြင္း ေသနတ္နဲ႔ ဝင္ေရာက္ပစ္ခတ္တာေတြ လုပ္ခဲ့တာ ျဖစ္ပါတယ္။

ဆိုမာလီ လံုၿခံဳေရးတပ္ဖြဲ႔ေတြက တံု႔ျပန္တိုက္ခိုက္လို႔ အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ပြားၿပီး အစြန္းေရာက္သမား သံုးဦးေသဆံုးကာ တစ္ဦးကို အရွင္ဖမ္းမိခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ ျဖစ္တယ္လို႔ အယ္လ္ ရွာဘတ္ အဖြဲ႔က ေၾကညာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

ဆိုမာလီမှာ အစွန်းရောက်တွေ သတ်လို့ အစ္စလာမ် ခေါင်းဆောင်နဲ့ တပည့် ၁၇ ဦး သေ
ဆိုမာလီနိုင်ငံမြောက်ပိုင်း ဂယ်ကာယိုမှာ အစွန်းရောက်တွေ တိုက်ခိုက်လို့ ထင်ရှားတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးနဲ့ တပည့် အနည်းဆုံး ၁၇ ဦး သေဆုံးသွားပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ ဆူဖီ ဘာသာရေး အဆောက်အဦးနေရာရှေ့မှာ အသေခံဗုံးခွဲသူ နှစ်ဦးက ဗုံးပေါက်ခွဲတာ၊ အစွန်းရောက်သမား လေးဦးက အဆောက်အဦးအတွင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆိုမာလီ လုံခြုံရေးတပ်ဖွဲ့တွေက တုံ့ပြန်တိုက်ခိုက်လို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီး အစွန်းရောက်သမား သုံးဦးသေဆုံးကာ တစ်ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ အယ်လ် ရှာဘတ် အဖွဲ့က ကြေညာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)