
0
860




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

သက်ဆင်ရဲ့ တစ်ဦးတည်းသောသား အတိုက်အခံ ဖွေထိုင်းပါတီထဲ ဝင်ရောက်
ပြည်ပြေးဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ တစ်ဦးတည်းသော သားဟာ နှစ်ပေါင်းများစွာ သက်ဆင်ရဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ဖွေထိုင်းပါတီကို ဝင်လိုက်ပါတယ်။
“အုတ်” လို့ လူသိများတဲ့ ပန်သောင်တေ ရှင်နာဝပ်က သူ့ကို ဖွေထိုင်းပါတီဝင်အဖြစ် လက်ခံလိုက်ကြောင်း Facebook မှာ မနေ့ နိုဝင်ဘာလ ၂၅ ရက်က တင်ခဲ့တာ ဖြစ်ပါတယ်။
သူ့အတွက်က တိတ်ဆိတ်စွာနေပြီး လိုက်လံရှာဖွေနေတာ ခံရဖို့ရယ်၊ ယုံကြည်မှု သဘောတရားတစ်ခုနဲ့ ရှေ့ဆက်ဖို့ရယ် တစ်ခုခု ရွေးရမှာ ဖြစ်တယ်လို့လည်း သူက ရေးသားထားပါတယ်။ ပြည်ပြေးဖြစ်နေတဲ့ သက်ဆင်ရဲ့ အသက် ၃၈ နှစ်အရွယ်ရှိ သားဖြစ်သူ အုတ်ကိုယ်တိုင်လည်း ငွေမည်းခဝါချမှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)