ျပင္သစ္မွာ ဆႏၵျပသူေတြနဲ႔  ရဲေတြ ထိပ္တုိက္ ေတြ႔

0
606

ျပင္သစ္ႏုိင္ငံ၊ ပဲရစ္ၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ ရဲေတြၾကား ထိပ္တိုက္မႈေတြ ျဖစ္ခဲ့ၿပီး ရဲေတြက ဆႏၵျပသူေတြကို  မ်က္ရည္ယိုဗံုး၊ မီးသတ္ပိုက္ေတြသံုးကာ လူစုခြဲဖုိ႔ ႀကိဳးပမ္းခဲ့ရပါတယ္။

ျပင္သစ္ႏိုင္ငံမွာ ေလာင္စာဆီ ေစ်းႏႈန္းျမင့္တက္မႈကို မေက်နပ္တာေၾကာင့္ ျပည္သူေတြ ဆႏၵျပေနတာျဖစ္ၿပီး  ဆႏၵျပသူေတြဟာ သမၼတ အိမ္ေတာ္အနီးကို သြားေရာက္ဖို႔ ႀကိဳးပမ္းခ်ိန္မွာ ရဲေတြက မ်က္ရည္ယိုဗံုး၊ မီးသတ္ပိုက္ သံုးခဲ့တာ ျဖစ္ပါတယ္။ အာဏာပိုင္ေတြဟာ အီဖယ္ေမွ်ာ္စင္အနီး ဆႏၵျပသူေတြကို  ထိန္းသိမ္းဖို႔ ႀကိဳးပမ္းရာမွာ မေအာင္ျမင္ခဲ့လို႔ မီးသတ္ပိုက္ေတြ သံုးခဲ့တာျဖစ္ပါတယ္။

ဆႏၵျပသူေတြဟာ အဝါေရာင္ အေပၚဝတ္အက်ႌေတြ ဝတ္ဆင္ထားၿပီး သမၼတ မက္ခရြန္ ႏုတ္ထြက္ေပးဖို႔ ေၾကြးေၾကာ္ ဆႏၵျပခဲ့ပါတယ္။ ေလာင္စာဆီေစ်းႏႈန္း ျမင့္တက္မႈကို သီတင္းပတ္ ၂ ႀကိမ္ေျမာက္ ဆႏၵျပေနတာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

ပြင်သစ်မှာ ဆန္ဒပြသူတွေနဲ့  ရဲတွေ ထိပ်တိုက် တွေ့

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်မှုတွေ ဖြစ်ခဲ့ပြီး ရဲတွေက ဆန္ဒပြသူတွေကို  မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေသုံးကာ လူစုခွဲဖို့ ကြိုးပမ်းခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံမှာ လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကို မကျေနပ်တာကြောင့် ပြည်သူတွေ ဆန္ဒပြနေတာဖြစ်ပြီး  ဆန္ဒပြသူတွေဟာ သမ္မတ အိမ်တော်အနီးကို သွားရောက်ဖို့ ကြိုးပမ်းချိန်မှာ ရဲတွေက မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက် သုံးခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ အီဖယ်မျှော်စင်အနီး ဆန္ဒပြသူတွေကို  ထိန်းသိမ်းဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့လို့ မီးသတ်ပိုက်တွေ သုံးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အဝါရောင် အပေါ်ဝတ်အင်္ကျီတွေ ဝတ်ဆင်ထားပြီး သမ္မတ မက်ခရွန် နုတ်ထွက်ပေးဖို့ ကြွေးကြော် ဆန္ဒပြခဲ့ပါတယ်။ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို သီတင်းပတ် ၂ ကြိမ်မြောက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)