
0
1094


 



 

<>>>>>>>>>>>>>>>>>>>>>>>>

 

ပါကစ္စတန်မှာ တရုတ်စီးပွားရေးသမားတွေ ရန်လိုမှုတွေနဲ့ ရင်ဆိုင်နေရ
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ခံရဟာ ပါကစ္စတန် နိုင်ငံတလွှား သြဇာကြီးနေတဲ့ တရုတ် စီးပွားရေးသမားတွေကို ဒေသခံတွေက ရန်လိုနေကြောင်း ပြသတာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံအပေါ် အကြွေးတွေ တင်နေပြီး စီးပွားရေးကလည်း အကျည်အတည်း ပိုကြုံလာတာကြောင့် ဒေသခံတွေအကြား အခုလို ဒေါသတွေ ပိုမိုကြီးထွားလာတာ ဖြစ်ပါတယ်။ အစိုးရရဲ့ မျက်နှာသာ ပေးမှုကြောင့် စီမံကိန်းကြီးတွေမှာ တရုတ် ကုမ္ပဏီတွေက အသာစီးရနေပြီး ပါကစ္စတန် စီးပွားရေးလုပ်ငန်းတွေကတော့ အရံသဘောလောက်ပဲ ရှိတယ်လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်လိုမှုတွေဟာ တရုတ် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်တဲ့ အကြမ်းဖက်မှုအထိ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ခွဲထွက်ရေး စစ်သွေးကြွတွေက တိုက်ခိုက်လို့ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို ကြောက်လန့်အောင် လုပ်နေတာ ဖြစ်ပြီး အစိုးရရဲ့ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ဖျက်လိုဖျက်စီး လုပ်တာ ဖြစ်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် အီမရန် ခန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)