
0
1012


 



 

<>>>>>>>>>>>>>>>>>>>>>>>>>

 

ကိုပါ လစ်ဘာတာဒိုးရက်စ် ချန်ပီယံလိဂ် ဒုတိယ အကျော့ပွဲ ရွှေ့ဆိုင်းခဲ့ရ
တောင်အမေရိက ကိုပါ လစ်ဘာတာဒိုးရက်စ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဒုတိယ အကျော့ ပြိုင်ပွဲအဖြစ် ကစားမယ့် အာဂျင်တီးနားကလပ် ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာအသင်းတို့ ကစားမယ့်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
ရေဗားပလိတ် အသင်းရဲ့ ပရိသတ်တွေက ဘိုကာဂျူနီယာအသင်း စီးလာတဲ့ ဘတ်စ်ကားကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ပွဲကိုရွှေ့ဆိုင်းလိုက်ရတာပါ။ ပွဲကို ရေးဗားပလိတ်ရဲ့ ကွင်းမှာ ကစားဖို့ ငြင်းဆန်ပြီးနောက် ၂ နာရီအကြာမှာပဲ ပရိသတ်တွေက ဘိုကာဂျူနီယာအသင်းသားတွေ စီးလာတဲ့ ကားကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီ တိုက်ခိုက်မှုကြောင့် ဘိုကာဂျူနီယာ အသင်းသားတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး ကားမှန်တွေ ကွဲခဲ့လို့ ရဲတွေက မျက်ရည်ယိုဗုံးသုံးကာ ရေးဗားပလိတ် အသင်း ပရိတ်တွေကို လူစုခွဲခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)