အေမရိကန္ ႏုိင္ငံထဲဝင္ဖုိ႔ ႀကိဳးပမ္းတဲ့ ေရႊ႕ေျပာင္းသြားလာသူ ၅၀၀ ကို ႏွင္ထုတ္

0
879

မကၠဆီကိုႏုိင္ငံဟာ အေမရိကန္ႏုိင္ငံထဲကို ဝင္ေရာက္ဖုိ႔ ႀကိဳးပမ္းတဲ့ အေမရိက အလယ္ပိုင္းေဒသက လာတဲ့ ေရႊ႕ေျပာင္းသြားလာသူ ၅၀၀ ကို ႏွင္ထုတ္ခဲ့ေၾကာင္း မကၠဆီကို ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။

အဲဒီ ေရႊ႕ေျပာင္းသြားလာသူေတြဟာ နယ္စပ္ေဒသကို အၾကမ္းဖက္ ဝင္ေရာက္ဖုိ႔ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ေရႊ႕ေျပာင္းသြားလာသူ အုပ္စုထဲမွာ ကေလးေတြ၊ အမ်ိဳးသမီးေတြ ပါဝင္ေၾကာင္း၊ သူတုိ႔ဟာ မကၠဆီကို – အေမရိကန္ နယ္စပ္ေဒသ ၿခံစည္း႐ိုးကိုသြားဖုိ႔ ဦးတည္ခဲ့ေၾကာင္း မကၠဆီကို ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

အေမရိကန္ နယ္ျခားေစာင့္တပ္ဖြဲ႔ကလည္း မ်က္ရည္ယိုဗံုးေတြ သံုးၿပီး ေရႊ႕ေျပာင္းသြားလာသူေတြကို ႏွင္ထုတ္ခဲ့ပါတယ္။ မကၠဆီကို ျပည္ထဲေရးဝန္ႀကီးက ေရႊ႕ေျပာင္းသြားလာသူ ၅၀၀ နီးပါးဟာ အၾကမ္းဖက္ပံုစံမ်ိဳးနဲ႔ နယ္စပ္ေဒသကို ျဖတ္သန္းဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် နိုင်ငံထဲဝင်ဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းသွားလာသူ ၅၀ဝ ကို နှင်ထုတ်

မက္ကဆီကိုနိုင်ငံဟာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အမေရိက အလယ်ပိုင်းဒေသက လာတဲ့ ရွှေ့ပြောင်းသွားလာသူ ၅၀ဝ ကို နှင်ထုတ်ခဲ့ကြောင်း မက္ကဆီကို ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ ရွှေ့ပြောင်းသွားလာသူတွေဟာ နယ်စပ်ဒေသကို အကြမ်းဖက် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ရွှေ့ပြောင်းသွားလာသူ အုပ်စုထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ ပါဝင်ကြောင်း၊ သူတို့ဟာ မက္ကဆီကို – အမေရိကန် နယ်စပ်ဒေသ ခြံစည်းရိုးကိုသွားဖို့ ဦးတည်ခဲ့ကြောင်း မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ သုံးပြီး ရွှေ့ပြောင်းသွားလာသူတွေကို နှင်ထုတ်ခဲ့ပါတယ်။ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးက ရွှေ့ပြောင်းသွားလာသူ ၅၀ဝ နီးပါးဟာ အကြမ်းဖက်ပုံစံမျိုးနဲ့ နယ်စပ်ဒေသကို ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)