
0
762




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီအာရေဗျကို လက်နက်မရောင်းဖို့ ဥရောပလွှတ်တော် ဆုံးဖြတ်

ဥရောပလွှတ်တော်ဟာ သတင်းထောက် ဂျာမယ် ခါရှိုဂီ အသတ်ခံရမှုနဲ့ပတ်သက်လို့ ဆော်ဒီအာရေဗျ နိုင်ငံဆီကို လက်နက် တင်သွင်းတာမလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို ဥရောပ သမဂ္ဂဝင်နိုင်ငံတစ်နိုင်ငံ ချင်းစီက လက်တွေ့အကောင်ထည် ဖော်မဖော်ဆိုတာ ကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံဆီ လက်နက်တင်ပို့တာတွေ ပိတ်ပင် လိုက်ပြီးနောက် အခု ဆုံးဖြတ်ချက်ထွက်ခဲ့တာပါ။

ဆော်ဒီအာရေဗျနိုင်ငံက သတင်းထောက် ဂျာမယ် အသတ်ခံရတာဖြစ်နိုင်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။ ဂျာမယ်ဟာ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆော်ဒီအာရေဗျ နိုင်ငံသားဖြစ်ပြီး ဝါရှင်တန်ပိုစ့်သတင်းစာရဲ့ သတင်းထောက် ဖြစ်ပါတယ်။ ဂျာမယ်ဟာ အောက်တိုဘာ ၂ ရက်နေ့ က တူရကီနိုင်ငံရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးကို ဝင်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာပါ၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)