
0
1102




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ရဲ့ထင်ရှားသူတွေဆီ ဗုံးပါတဲ့မေးလ် ပို့သူတွေကို မကြာခင် ဖမ်းမိမယ်

အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်ပါတီဝင်တွေနဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန်ပြောဆိုသူတွေဆီ မေးလ်နဲ့ ဗုံးတွေပို့တဲ့သူကို မကြာခင်မှာ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်း စုံစမ်းရေးအရာရှိတွေက ပြောပါတယ်။ နယူးယောက်မြို့ ရဲကော်မရှင်နာမင်းကြီး အိုနေလ်းက ‘’ကျူးလွန်သူတစ်ယောက် ဒါမှမဟုတ် အများကို ဖော်ထုတ်ဖမ်းဆီးမယ်” လို့ ပြောခဲ့ပါတယ်။

အခုချိန်ထိ ဖော်ထုတ်တားဆီးလိုက်နိုင်သမျှ “ဖောက်ခွဲရေးပစ္စည်းလို့ သံသယရှိတဲ့အထုပ်တွေ” အားလုံးကို ဗာဂျီးနီးယားပြည်နယ်၊ ကွမ်တီကို Quantico မြို့ရှိ အမေရိကန် မရိန်းတပ်စခန်းထဲက FBI ဓာတ်ခွဲခန်းကို ပို့လိုက်ပြီးပြီလို့ ရဲမင်းကြီး အိုနေးလ်က ပြောပါတယ်။

အဲဒီလို ဝန်းကျင်မျိုးရှိလာတာဟာ သတင်းမီဒီယာတွေကြောင့် ဖြစ်တယ်လို့ သမ္မတထရမ့်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)