
0
314





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာမခံနဲ့ ပြန်လွတ်ပြီး တစ်ရက်အကြာ ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ထပ် ဆန္ဒပြ

ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝန်းဟာ အာမခံနဲ့ ပြန်လွတ်ပြီး တစ်ရက်အကြာမှာပဲ ဆန္ဒပြပွဲကို ပြန်လည် ဦးဆောင်ပါဝင်ခဲ့ပါတယ်။

ဂျိုရွှာဝန်းဟာ ၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ဦးဆောင်မှုနဲ့ ပတ်သက်လို့ စွဲချက်တင် ဖမ်းဆီးခံထားရပြီး အောက်တိုဘာ ၂၄ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။ ဟောင်ကောင် ဥပဒေပြုရုံး အပြင်ဘက်မှာ တရုတ်နိုင်ငံနဲ့ ဆက်သွယ်မယ့် အငြင်းပွားဖွယ်ရာ မီးရထားလမ်းအပေါ် ပြည်သူ ၂၀ဝ ကျော်ဆန္ဒပြချိန်မှာ ဂျိုရွှာဝန်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ ရှန်ဇန် ပြည်နယ် မြို့တွေကို ဆက်သွယ်ဖောက်လုပ်မယ့် မီးရထားလမ်းကို ဟောင်ကောင်ပြည်သူတွေက လက်မခံဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ အဲဒီ မီးရထားလမ်းကို ၂၀၁၈ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)