ရိန္းနဲ႔ ကင္ေတးဟီတုိ႔ သမီးဦးေလး ေမြးဖြား

0
353

ေတာင္ကိုရီးယား နာမည္ႀကီးသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ရိန္းနဲ႔ ကင္ေတးဟီတို႔ စံုတြဲဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာပဲဲ သမီးဦးေလး ေမြးဖြားခဲ့ပါတယ္။   

အသက္ ၃၅ ႏွစ္အရြယ္ရွိ ရိန္းက သမီးေလးေမြးဖြားတဲ့ အေၾကာင္း သူရဲ႕ အင္စတာဂရမ္ကေန တဆင့္ အသိေပးခဲ့ပါတယ္။ ရိန္းက သမီးျဖစ္သူဟာ ကမာၻေလာကို အေထာက္အပံ့ ေပးႏုိင္မယ့္ လူသားတစ္ဦးျဖစ္ေအာင္ ပ်ိဳးေထာင္သြားမယ္လို႔ ေျပာပါတယ္။  

ကင္ေတးဟီေရာ သမီးျဖစ္သူပါ က်န္းမာေရးေကာင္းမြန္တယ္လို႔ သူမရဲ႕ အင္တာတိန္းမန္႔က ေၾကညာခဲ့ပါတယ္။ ရိန္းနဲ႔ ကင္ေတးဟီဟာ ၿပီးခဲ့ ဇန္နဝါရီလက လက္ထပ္ခဲ့တာျဖစ္ၿပီး ေမလမွာ ကိုယ္ဝန္ ရွိေနတယ္လို႔ ေၾကညာခဲ့ပါတယ္။  

ရိန္းဟာ အဆုိေတာ္၊ သ႐ုပ္ေဆာင္အလုပ္ကိုပါ လုပ္ကိုင္သူျဖစ္ၿပီး သူရဲ႕ ေနာက္ဆံုး ေတးအယ္ဘမ္ဟာ  ၂၀၁၄ ခုႏွစ္က ထြက္ရွိခဲ့ပါတယ္။ ကင္ေတးဟီကေတာ့ Yong-pal ရုပ္သံဇာတ္လမ္းတြဲမွာ ေနာက္ဆံုး ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိန်းနဲ့ ကင်တေးဟီတို့ သမီးဦးလေး မွေးဖွား

တောင်ကိုရီးယား နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ရိန်းနဲ့ ကင်တေးဟီတို့ စုံတွဲဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သမီးဦးလေး မွေးဖွားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ရိန်းက သမီးလေးမွေးဖွားတဲ့ အကြောင်း သူရဲ့ အင်စတာဂရမ်ကနေ တဆင့် အသိပေးခဲ့ပါတယ်။ ရိန်းက သမီးဖြစ်သူဟာ ကမ္ဘာလောကို အထောက်အပံ့ ပေးနိုင်မယ့် လူသားတစ်ဦးဖြစ်အောင် ပျိုးထောင်သွားမယ်လို့ ပြောပါတယ်။

ကင်တေးဟီရော သမီးဖြစ်သူပါ ကျန်းမာရေးကောင်းမွန်တယ်လို့ သူမရဲ့ အင်တာတိန်းမန့်က ကြေညာခဲ့ပါတယ်။ ရိန်းနဲ့ ကင်တေးဟီဟာ ပြီးခဲ့ ဇန်နဝါရီလက လက်ထပ်ခဲ့တာဖြစ်ပြီး မေလမှာ ကိုယ်ဝန် ရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။

ရိန်းဟာ အဆိုတော်၊ သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်သူဖြစ်ပြီး သူရဲ့ နောက်ဆုံး တေးအယ်ဘမ်ဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ကင်တေးဟီကတော့ Yong-pal ရုပ်သံဇာတ်လမ်းတွဲမှာ နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)