လူျမင္ကြင္းမွာ ၾကာပြတ္နဲ႔ ႐ိုက္ႏွက္အျပစ္ေပးမႈကို ႐ႈတ္ခ်

0
223

အင္ဒိုနီးရွားႏုိင္ငံ အာေခ်းျပည္နယ္မွာ လူျမင္ကြင္းထဲ ၾကာပြတ္နဲ႔ ႐ိုက္ႏွက္တဲ့ ျပစ္ဒဏ္ေပးမႈအေပၚ လူအခြင့္အေရး အဖြဲ႔အစည္းေတြက    ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။  

အင္ဒိုနီးရွား ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း လူေပါင္း ၅၀၀ ေက်ာ္ကို လူျမင္ကြင္းမွာ ၾကာပြတ္နဲ႔ ႐ိုက္ႏွက္ အျပစ္ေပးခဲ့တယ္လို႔ လူ႔အခြင့္ေရးအဖြဲ႔ေတြက ေျပာပါတယ္။ ရက္စက္ၾကမ္းၾကဳတ္တဲ့ ျပစ္ဒဏ္ေပးမႈကို အဆံုးသတ္ဖုိ႔ အင္ဒိုနီးရွား သမၼတကို လူ႔အခြင့္ေရးအဖြဲ႔ေတြက  ေတာင္းဆုိထားပါတယ္။

အာေခ်းျပည္နယ္ဟာ လူျမင္ကြင္းမွာ ၾကာပြတ္နဲ႔ ႐ိုက္ႏွက္ျပစ္ဒဏ္ေပးမႈ လုပ္ေဆာင္တဲ့ တစ္ခုတည္းေသာ ေဒသျဖစ္ပါတယ္။ အဲဒီဥေပဒဟာ ေရွး႐ိုးစြဲ အယူဆေတြကို ျမင့္တက္လာေစတယ္လို႔ လူအခြင့္ေရးအဖြဲ႔ေတြက ေျပာပါတယ္။ လူမႈေရးေဖာက္ျပန္မႈ အျပင္ လိင္တူခ်င္း လက္ထပ္သူေတြကို လူျမင္ကြင္းမွာ ၾကာပြတ္နဲ႔ ႐ိုက္ႏွက္ အျပစ္ေပးေလ့ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမြင်ကွင်းမှာ ကြာပွတ်နဲ့ ရိုက်နှက်အပြစ်ပေးမှုကို ရှုတ်ချ

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လူမြင်ကွင်းထဲ ကြာပွတ်နဲ့ ရိုက်နှက်တဲ့ ပြစ်ဒဏ်ပေးမှုအပေါ် လူအခွင့်အရေး အဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူပေါင်း ၅၀ဝ ကျော်ကို လူမြင်ကွင်းမှာ ကြာပွတ်နဲ့ ရိုက်နှက် အပြစ်ပေးခဲ့တယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ပေးမှုကို အဆုံးသတ်ဖို့ အင်ဒိုနီးရှား သမ္မတကို လူ့အခွင့်ရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။

အာချေးပြည်နယ်ဟာ လူမြင်ကွင်းမှာ ကြာပွတ်နဲ့ ရိုက်နှက်ပြစ်ဒဏ်ပေးမှု လုပ်ဆောင်တဲ့ တစ်ခုတည်းသော ဒေသဖြစ်ပါတယ်။ အဲဒီဥပေဒဟာ ရှေးရိုးစွဲ အယူဆတွေကို မြင့်တက်လာစေတယ်လို့ လူအခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။ လူမှုရေးဖောက်ပြန်မှု အပြင် လိင်တူချင်း လက်ထပ်သူတွေကို လူမြင်ကွင်းမှာ ကြာပွတ်နဲ့ ရိုက်နှက် အပြစ်ပေးလေ့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)