
0
239




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆွေးနွေးမှုလုပ်ဖို့ ထိုင်ဝမ်လိုလား

ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့ဟာ အပြန်အလှန် ရန်စောင်မှုတွေ လျှော့ချပြီး ဖွံဖြိုးတိုးတက်မှုတွေ ငြိမ်းချမ်းစွာ ဖြစ်စေဖို့ ပိုမိုကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ အစည်းအဝေးပြီးနောက် ထိုင်ဝမ် သမ္မတက တရုတ်နဲ့ ဆက်ဆံရေးကို အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဆိုင်အင်ဝမ် သမ္မတဖြစ်ပြီးနောက်ပိုင်း တရုတ်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။ တိုင်ဝမ်ဟာ တရုတ်နိုင်ငံဆီကနေ ခွဲထွက်ကာ လွတ်လပ်ရေးရယူလိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ထိုင်ဝမ်ဟာ လွတ်လပ်ရေးကြေညာဖို့ သမ္မတက တွန်းအားပေး လုပ်ဆောင်နေတယ်လို့ တရုတ်က သံသယရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)