ေတာင္ဆူဒန္ေရာက္ အေမရိကန္ သံအမတ္ႀကီးကို ကယ္ထုတ္ခဲ့ရ

0
321

ေတာင္ဆူဒန္ႏုိင္ငံကို ေရာက္ရွိေနတဲ့  ကုလသမဂၢဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး နစ္ကီဟာေလကို ဆႏၵျပမႈေတြၾကားကေန ကယ္ထုတ္ခဲ့ရပါတယ္။

နစ္ကီဟာေလ ေရာက္ရွိေနတဲ့ ဒုကၡသည္စခန္းမွာ ဆႏၵျပမႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ အခုလို ကယ္ထုတ္ခဲ့ရတာ ျဖစ္ပါတယ္။ ေတာင္ဆူဒန္ႏုိင္ငံမွာ သမၼတကို မေက်နပ္တာေၾကာင့္ဆႏၵျပမႈေတြ ျဖစ္ေပၚေနခဲ့ၿပီး  နစ္ကီဟာေလ ေရာက္ရွိေနတဲ့  ဂ်ဴဘာၿမိဳ႕ ဒုကၡသည္စခန္းက လူေတြလည္း ဆႏၵျပပြဲထဲ ပါဝင္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။

ဆႏၵျပသူေတြက သမၼတ ဆလ္ဗာကီဟာ လူသတ္သမားျဖစ္ေၾကာင္း၊ အေမရိကန္ကို ႀကိဳဆုိေၾကာင္း ေအာ္ဟစ္ခဲ့ပါတယ္။ နစ္ကီဟာေလလည္း ခရီးစဥ္ မၿပီးဆံုးဘဲ ဒုကၡသည္စခန္းကေန ျပန္ခဲ့ရကာ ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္ထားသူေတြနဲ႔ မေတြခဲ့ရပါဘူး။ ေတာင္ဆူဒန္ႏုိင္ငံမွာ ျပည္တြင္းစစ္ ျဖစ္ခဲ့တာေၾကာင့္ လူပါင္းမ်ားစြာ  ေဘးဒုကၡေရာက္ေနရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ဆူဒန်ရောက် အမေရိကန် သံအမတ်ကြီးကို ကယ်ထုတ်ခဲ့ရ

တောင်ဆူဒန်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေကို ဆန္ဒပြမှုတွေကြားကနေ ကယ်ထုတ်ခဲ့ရပါတယ်။

နစ်ကီဟာလေ ရောက်ရှိနေတဲ့ ဒုက္ခသည်စခန်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို ကယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ တောင်ဆူဒန်နိုင်ငံမှာ သမ္မတကို မကျေနပ်တာကြောင့်ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေခဲ့ပြီး နစ်ကီဟာလေ ရောက်ရှိနေတဲ့ ဂျူဘာမြို့ ဒုက္ခသည်စခန်းက လူတွေလည်း ဆန္ဒပြပွဲထဲ ပါဝင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေက သမ္မတ ဆလ်ဗာကီဟာ လူသတ်သမားဖြစ်ကြောင်း၊ အမေရိကန်ကို ကြိုဆိုကြောင်း အော်ဟစ်ခဲ့ပါတယ်။ နစ်ကီဟာလေလည်း ခရီးစဉ် မပြီးဆုံးဘဲ ဒုက္ခသည်စခန်းကနေ ပြန်ခဲ့ရကာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားသူတွေနဲ့ မတွေခဲ့ရပါဘူး။ တောင်ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ခဲ့တာကြောင့် လူပါင်းများစွာ ဘေးဒုက္ခရောက်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)